ပေါင်ခြံဒဏ်ရာကြောင့် မော်ရိုကိုနှင့် ခြေစမ်းပွဲကို မက်ဆီလွဲချော်မည်

ပေါင်ခြံဒဏ်ရာကြောင့် မော်ရိုကိုနှင့် ခြေစမ်းပွဲကို မက်ဆီလွဲချော်မည်
Photo: Getty Images
Photo: Getty Images
Published 23 March 2019

မက်ဆီသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရှုံးထွက် (၁၆)သင်းအဆင့်တွင် ပြင်သစ်အသင်းအား ရှုံးနိမ့်ပြီးနောက် လက်ရွေးစင်အသင်းမှအနားယူနေခဲ့သူဖြစ်ပြီး ဗင်နီဇွဲလားအသင်းနှင့် ခြေစမ်းပွဲတွင်မှ ပထမဆုံးအကြိမ်ပြန်လည်ကစားခဲ့ကာ တစ်ပွဲလုံးပါဝင်ကစားခဲ့ကြောင်း သိရသည်။

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီသည် ပေါင်ခြံဒဏ်ရာကြောင့် မော်ရိုကိုအသင်းနှင့်ကစားမည့် ခြေစမ်းပွဲကိုလွဲချော်မည်ဖြစ်ကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

မက်ဆီသည် မတ်လ (၂၂)ရက်နေ့က ကစားခဲ့သော ဗင်နီဇွဲလားအသင်းအား (၁-၃)ဂိုးဖြင့် ရှုံးနိမ့်သည့် ခြေစမ်းပွဲတွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မက်ဆီသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရှုံးထွက် (၁၆)သင်းအဆင့်တွင် ပြင်သစ်အသင်းအား ရှုံးနိမ့်ပြီးနောက် လက်ရွေးစင်အသင်းမှအနားယူနေခဲ့သူဖြစ်ပြီး ဗင်နီဇွဲလားအသင်းနှင့် ခြေစမ်းပွဲတွင်မှ ပထမဆုံးအကြိမ်ပြန်လည်ကစားခဲ့ကာ တစ်ပွဲလုံးပါဝင်ကစားခဲ့ကြောင်း သိရသည်။

မက်ဆီသည် ယင်းပွဲစဉ်တွင် ပြိုင်ဘက်များနှင့် ထိခိုက်မိကာ ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မည်မျှအနားယူရမည်ကိုမူ မသိရှိရသေးကြောင်း သိရသည်။

အသက် (၃၁)နှစ်အရွယ်ရှိ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင်လည်း ယခုကဲ့သို့ဒဏ်ရာရရှိခဲ့ဖူးပြီး အနားယူခဲ့ရဖူးကြောင်း သိရသည်။

မက်ဆီသည် ယခုနှစ်ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၃၉)ပွဲ၌ (၃၆)ဂိုးသွင်းယူထားပြီး ၄င်း၏ဒဏ်ရာသတင်းကြောင့် ဘာစီလိုနာအသင်းမှာ စိတ်ပူလျက်ရှိကြောင်း သိရသည်။

အာဂျင်တီးနားအသင်းသည် မတ်လ (၂၆)ရက်နေ့တွင် ခြေစမ်းပွဲအဖြစ် မော်ရိုကိုအသင်းနှင့် ထပ်မံကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်ကို မက်ဆီအပြင်၊ ကွင်းလယ်လူ ဂွန်ဇာလိုမာတီနက်ဇ်ပါ လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent