အင်တာမီလန်တိုက်စစ်မှူး အီကာဒီ အသင်းနှင့်အတူ ပြန်လည်လေ့ကျင့်

အင်တာမီလန်တိုက်စစ်မှူး အီကာဒီ အသင်းနှင့်အတူ ပြန်လည်လေ့ကျင့်
Photos : Reuters, AFP
Photos : Reuters, AFP
Published 23 March 2019

အင်တာမီလန်အသင်းခေါင်းဆောင် ရာထူးမှဖယ်ရှားခံရပြီးနောက် ဒဏ်ရာပြဿနာအကြောင်းပြ၍ ပါဝင်ကစားရန် ငြင်းဆန်နေသည့် တိုက်စစ်မှူး အီကာဒီသည် မတ် ၂၁ ရက်မှစ၍ ပြန်လည်လေ့ကျင့်နေပြီဖြစ် ကြောင်း သိရသည်။

အီကာဒီသည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှု ကြန့်ကြာနေသည့်အပြင် ခြေစွမ်းပြကစားနိုင်ရန် ရုန်းကန်နေရ သဖြင့် အင်တာမီလန်အသင်းက ၎င်းင်းအား အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်သည်။ 

အီကာဒီသည် ယင်းကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ဒူးဒဏ်ရာအကြောင်းပြချက်ဖြင့် ပါဝင်ကစားရန် ငြင်းဆန်ခဲ့သော်လည်း Scan စစ်ဆေးမှုရလဒ်အရ ဒဏ်ရာ ပြဿနာမရှိကြောင်း အင်တာမီလန်အသင်း က ထပ်မံကြေညာရာ ၎င်းင်း၏အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာသည်။ 

၎င်းသည် တစ်လကျော်အကြာတွင် အသင်းနှင့်အတူ ပြန်လည်လေ့ကျင့်ခဲ့ပြီး အသင်းဖော်များ နိုင်ငံတကာ ပွဲသွားရောက်ကစားနေသဖြင့် လူနည်းသည့်အချိန်ကို ရွေးချယ်၍ ပြန်လာခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြသည်။

Most Read

Most Recent