ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပထမနေ့ ယနေ့ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အသင်း စတင်ကစားရမည်

ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပထမနေ့ ယနေ့ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အသင်း စတင်ကစားရမည်
Photos : MFF
Photos : MFF
Published 23 March 2019

၂၀၁၉ ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ် ပြိုင်ပွဲ အုပ်စုပထမနေ့ကို မတ် ၂၃ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် စတင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အုပ်စုပထမနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ထိုင်းအသင်း နှင့် တရုတ်အသင်း၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲကို ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး Nga Trang မြို့တွင် မတ် ၂၃ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

ပြိုင်ပွဲကို လေးသင်းပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ခြေစွမ်းမြင့်မားသည့်အသင်း များနှင့် ကစားရမည်ဖြစ်သောကြောင့် ရလဒ်ကောင်းရရန် ရုန်းကန်ရဖွယ်ရှိနေသည်။ 

မြန်မာ ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အဓိကနိုင်ငံတကာပြိုင်ပွဲနှစ်ခုအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ 

မြန်မာအသင်းသည် ဗီယက်နမ်အသင်း နှင့် အဖွင့်ပွဲကစားပြီးပါက အုပ်စုပွဲများအဖြစ် မတ် ၂၅ ရက်တွင် တရုတ်အသင်း၊ မတ် ၂၇ ရက်တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ပြိုင်ပွဲတွင် အမှတ်အများဆုံး နှစ်သင်း ဗိုလ်လုပွဲနှင့် အဆင့် ၃/၄ နေရာရ နှစ်သင်း တတိယလုပွဲကစားရမည်ဖြစ်သည်။

ရုပ်သံပြသမည့် Link ရရှိလျှင် ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း MFF Facebook Page တွင် သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent