ယနေ့ကစားမည့် နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 22 March 2019

ဂျပန် နှင့် ကိုလံဘီယာ (သောကြာညနေ ၄:၅၀ နာရီ)

ဂျပန်အသင်းနည်းပြ မော်ရီယာဆုက အာရှဖလားပြိုင်ပွဲဝင်ခဲ့တဲ့အသင်းကို အပြောင်းအလဲအတော်လုပ်ထားတာ တွေ့ရတယ်။ အာရှဖလားဒုတိယရအသင်းမှာ ပါဝင်ခဲ့တဲ့ (၂၃)ဦးထဲက (၁၀)ဦးသာ အခုပွဲအတွက် ရွေးချယ်ထားခဲ့တာပါ။ ကိုလံဘီယာကတော့ နည်းပြသစ် ကွီရော့ဇ်ရဲ့ပွဲဦးထွက်ဖြစ်ပြီး အဓိကကစားသမား အားလုံးနီးပါးခေါ်ဆောင်လာခဲ့ပါတယ်။ ဂျပန်မြေဖြစ်ပေမယ့် ကိုလံဘီယာ အနိမ့်ဆုံးသရေကစားမယ်။

တောင်ကိုရီးယား နှင့် ဘိုလစ်ဗီးယား (သောကြာညနေ ၅:၃၀ နာရီ)

ပေါ်တူဂီနည်းပြ ပေါ်လိုဘင်တိုရဲ့ တောင်ကိုရီးယားအ သင်းမှာ အာရှဖလားကစားခဲ့သူအများစုပဲ ပြန်ရွေးချယ်ထားတာ တွေ့ရတယ်။ ပေါ်လိုဘင်တိုလက်ထက် ခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတတ်တဲ့ တောင်ကိုရီးယားပဲ အနိုင်ရဖို့များတယ်။

အာဂျင်တီးနား နှင့် ဗင်နီဇွဲလား (စနေနံနက် ၂:၃၀ နာရီ)

ဆမ်ပါအိုလီရဲ့လက်ထောက်ပြုလုပ်ခဲ့ပြီးမှ လက်ရွေးစင်အသင်းနည်းပြဖြစ်လာတဲ့ စကာလိုနီနဲ့ မက်ဆီတို့အကြားမှာ ဆက်ဆံရေးကောင်းတွေရှိပါတယ်။ စကာလိုနီက သူ့စိတ်ကြိုက် First Line-up ကို တဖြည်းဖြည်းတည်ဆောက်လာနိုင်နေပြီး လက်ရွေးစင်အသင်းတစ်ကျော့ပြန် မက်ဆီကို ပွဲထွက်စာရင်းမှာ အသုံးပြုဖို့များလို့ ဒီဘားလားကတော့ နေရာပြန်ပျောက်သွားနိုင်တယ်။ ဘယ်တောင်ပံမှာတော့ ဝါရင့် ဒီမာရီယာ ပြန်ပါလာပြီး ကော်ရီယာနဲ့ နေရာလုရဖို့ရှိပါတယ်။ ဗင်နီဇွဲလားကတော့ အာဂျင်တီးနားအသင်းကို သမိုင်းတစ်လျှောက် (၁)ပွဲသာအနိုင်ရဖူးပေမယ့် နောက်ဆုံး(၅) ပွဲမှာ (၃)ပွဲတိတိ ရှုံးပွဲမရှိကစားထားပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခြေစစ်ပွဲ (၂)ကျော့မှာလည်းအရေးနိမ့်ခြင်းမရှိခဲ့ပါဘူး။  ဒါပေမဲ့ ရွန်ဒွန်ဦးဆောင်တဲ့ ဗင်နီဇွဲလားတိုက် စစ်ကတော့ ပုံစံကောင်းရနေတဲ့ အာဂျင်တီးနားခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ရနိုင်တယ်။ အာဂျင်တီးနား ဂိုးပြတ်သွင်းဖို့များတယ်။

Most Read

Most Recent