အာဆင်နယ်ကဲ့သို့ ထိပ်သီးအသင်းကို ကျော်ဖြတ်နိုင်မှသာ ချန်ပီယံဆုမျှော်လင့်နိုင်မည်ဟု မာတင်စ် ပြောကြား

အာဆင်နယ်ကဲ့သို့ ထိပ်သီးအသင်းကို ကျော်ဖြတ်နိုင်မှသာ ချန်ပီယံဆုမျှော်လင့်နိုင်မည်ဟု မာတင်စ် ပြောကြား
Photos : AFP
Photos : AFP
Published 18 March 2019

နာပိုလီအသင်းတိုက်စစ်ကစားသမား မာတင်စ်က ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန်အတွက် အာဆင်နယ်ကဲ့သို့ ထိပ်သီးအဆင့်အသင်းမျိုးကို ကျော်ဖြတ်ပြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နာပိုလီအသင်းနှင့် အာဆင်နယ်အသင်းတို့သည် ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်တွင် ထိပ်တိုက်ဆုံတွေ့နေပြီး မာတင်စ်က အာဆင်နယ်အသင်းနှင့် ဆုံတွေ့သည့်အတွက် စိတ်လှုပ်ရှားမိကာ ခက်ခဲမည့်ပွဲ ဖြစ်လာလိမ့်မည်ဟု သုံးသပ်ခဲ့သည်။ 

''အာဆင်နယ်လိုအသင်းမျိုးကို အနိုင် ယူကျော်ဖြတ်ပြမှသာ ယူရိုပါလိဂ်ချန်ပီယံဆုနဲ့ ထိုက်တန်တယ်လို့ ဆိုနိုင်ပါ တယ်။ ကျွန်တော်တို့အသင်းကို နည်းပြ ဘင်နီတက်ဇ် တာဝန်ယူနေစဉ်တုန်းက အာဆင်နယ်နဲ့ ဆုံတွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိကျွန်တော်တို့အသင်းက အဲဒီတုန်းကထက် ပိုပြီးကောင်းမွန်နေပါပြီ။ အတွေ့အကြုံလည်း ပိုများနေပါပြီ။  ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်မှာ ပြောင်းလဲကစားခဲ့ရပေမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ လီဗာပူးလ်၊ PSG တို့လို ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ဖူးလို့ အာဆင်နယ်နဲ့ရင်ဆိုင်ဖို့ ယုံကြည်မှုအပြည့်ရှိပါတယ်''ဟု ပြောကြားခဲ့သည်။ 

နာပိုလီအသင်းသည် အာဆင်နယ်အသင်းနှင့် လာမည့်ဧပြီလ (၁၁)ရက်၌ ပထမအကျော့အဝေးကွင်းပွဲစဉ်၊ လာမည့် ဧပြီလ (၁၈)ရက်၌ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်များကစားရမည် ဖြစ်သည်။ 

Most Read

Most Recent