မန်ယူအသင်းအမှုဆောင်အရာရှိချုပ်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိကြောင်း ဆိုးလ်ရှား ဖွင့်ဟ

မန်ယူအသင်းအမှုဆောင်အရာရှိချုပ်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိကြောင်း ဆိုးလ်ရှား ဖွင့်ဟ
Photos: Daily Express & Getty Images
Photos: Daily Express & Getty Images
Published 13 March 2019

 

မန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှားက မိမိအနေဖြင့် အသင်း၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်နှင့် အလွန်ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မန်ယူအသင်း၏ ယာယီနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရသူ ဆိုးလ်ရှားသည် မန်ယူအသင်းကို ရလဒ်ကောင်းများ ရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၁၈)ပွဲတွင် (၁၄)ပွဲအထိအနိုင်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ်အဆင့်သို့ပို့ဆောင်ပေးထားသည်။

မန်ယူအသင်းသည် လာမည့် ရက်သတ္တပတ်များအတွင်း ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သွားဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ဆိုးလ်ရှားက မန်ယူအသင်းနည်းပြ ခန့်အပ်ခြင်းကိစ္စမှာ အသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်၏ အလုပ်ဖြစ်ပြီး မိမိနှင့် အက်ဒ်ဝုဒ်ဝက်ဒ်တို့အကြား ဆက်ဆံရေးမှာ ကောင်းမွန်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆိုးလ်ရှားက '' ကျွန်တော့်ရဲ့အလုပ်က ဒီရာသီကုန်အထိပါပဲ။ နည်းပြခန့်အပ်ရေးကိစ္စဟာ အသင်းအမှုဆောင်ချုပ်အက်ဒ်ဝုဒ်ဝက်ဒ်ရဲ့ တာဝန်သာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အက်ဒ်ဝုဒ်ဝက်ဒ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ ကျွန်တော်တို့နှစ်ဦးနေ့တိုင်းနီးပါး စကားပြောဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။

မန်ယူအသင်းနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကလည်း မန်ယူအသင်းအနေဖြင့် လက်ရှိအချိန်တွင် နည်းပြသစ်မရှာသင့်တော့ဘဲ အသင်းကို အကောင်းဆုံးပုံစံရအောင်စွမ်းဆောင်ပေးနေသည့် ဆိုးလ်ရှားကိုသာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

Most Read

Most Recent