မိမိမှာ လီဗာပူးလ်အသင်းနှင့် မိုက်ကယ်အိုဝင်၏ ပရိသတ်ဖြစ်ကြောင်း ဒီဘရိုင်းနား ဝန်ခံ

မိမိမှာ လီဗာပူးလ်အသင်းနှင့် မိုက်ကယ်အိုဝင်၏ ပရိသတ်ဖြစ်ကြောင်း ဒီဘရိုင်းနား ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 12 March 2019

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားက မိမိမှာ ငယ်စဉ်က လီဗာပူးလ်အသင်းနှင့် မိုက်ကယ်အိုဝင်၏ ပရိသတ်တစ်ဦးဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားက မိမိမှာ ငယ်စဉ်က လီဗာပူးလ်အသင်းနှင့် မိုက်ကယ်အိုဝင်၏ ပရိသတ်တစ်ဦးဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

လက်ရှိရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဒီဘရိုင်းနား၏ မန်စီးတီးအသင်းနှင့် လီဗာပူးလ်အသင်းတို့မှာ အပြိုင်ဖြစ်နေပြီး ဒီဘရိုင်းနားက ၄င်းအနေဖြင့် ငယ်စဉ်က လီဗာပူးလ်အသင်း၏ ပွဲစဉ်များကို ကြည့်ရှုရင်း ကြီးပြင်းလာခဲ့ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

ဒီဘရိုင်းနားက '' ကျွန်တော်ဟာ လီဗာပူးလ်အသင်းရဲ့ပရိသတ်တစ်ဦးပါ။ အင်္ဂလန်မှာ နေထိုင်တဲ့ ကျွန်တော့်ရဲ့မိသားစုတွေအကုန်လုံးက လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်လည်း လီဗာပူးလ်အသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီတုန်းက လီဗာပူးလ်အသင်းတိုက်စစ်မှူး မိုက်ကယ်အိုဝင်ကို ကျွန်တော်အရမ်းကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ မိုက်ကယ်အိုဝင်ဟာ ကျွန်တော့်လိုပဲ ခန္ဓာကိုယ်တည်ဆောက်ပုံသေးငယ်ပြီး အလွန်မြန်လို့ပါပဲ။ အဲဒီတုန်းက ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် မိုက်ကယ်အိုဝင်နဲ့ နှိုင်းယှဉ်လေ့ရှိပါတယ်။ ဒါ့ပြင် ဇီဒန်းနဲ့ ရော်နယ်လ်ဒင်ဟိုတို့လို စွမ်းရည်ပြည့်ဝတဲ့ ကစားသမားတွေကိုလည်း သဘောကျပါတယ်'' ဟုပြောကြားခဲ့သည်။

မိုက်ကယ်အိုဝင်သည် လီဗာပူးလ်အသင်းတွင် ၁၉၉၆ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၂၉၇)ပွဲတွင် (၁၅၈)ဂိုးသွင်းယူပေးခဲ့သည်။

ထို့ပြင် ဒီဘရိုင်းနားက မိမိအနေဖြင့် မန်စီးတီးအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားကို ရယူလိုသည်ဟုလည်း ပြောကြားခဲ့သည်။ 

'' ကျွန်တော်တို့အနေနဲ့ လက်ရှိအချိန်မှာ အသင်းနဲ့အတူ ဆုဖလားတွေ ရနိုင်သလောက် ရယူချင်ပါတယ်။ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ တခြားဆုဖလားတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဖလားရတာက ကျွန်တော်တို့ရပြီးတဲ့ ဆုဖလားတွေထက် ပိုမိုကောင်းမွန်တဲ့ ခံစားချက်ကိုပေးမယ်လို့ ယုံကြည်ပါတယ်။ ငါ ချန်ပီယံလိဂ်ဖလား ရပြီးပြီလို့ ပြောရတဲ့ ခံစားချက်က တကယ်ကို ကောင်းမှာပါ" ဟု ဒီဘရိုင်းနားက ပြောကြားခဲ့သည်။

Most Read

Most Recent