ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းနှုန်းစံချိန်တင်ဖွယ်ရှိနေ

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းနှုန်းစံချိန်တင်ဖွယ်ရှိနေ
Photos : AFP
Photos : AFP
Published 12 March 2019

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့၏ ပြိုင်ဆိုင်မှုမြင့်မားနေခြင်းနှင့် ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရန် အကြိတ်အနယ်ဖြစ်နေခြင်းတို့ကြောင့် ဂိုးသွင်းနှုန်း စံချိန်တင်ဖွယ်ရှိနေကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းနှုန်း အမြင့်ဆုံးအဖြစ် စံချိန်တင်ထားသည်မှာ ၂၀၁၁-၁၂ ရာသီက တစ်ပွဲပျမ်းမျှ (၂.၈၁)ဂိုး ဖြစ်ပြီး ယခုရာသီတွင် (၂.၈၃)ဂိုး ရှိနေပြီဖြစ်သည်။ 

ယင်းရာသီက စုစုပေါင်း(၃၈၀)ပွဲတွင် (၁၀၆၆)ဂိုး သွင်းယူခဲ့ခြင်းဖြစ်ပြီး ယခုရာသီ၌ (၂၉၉)ပွဲကစားအပြီးတွင် (၈၄၇)ဂိုး သွင်းယူ ထားခြင်းဖြစ်သည်။ 

ထို့ကြောင့် ပျမ်းမျှခြင်းတွက်ချက်မှုတွင် လက်ကျန်ပွဲများ၌ ဂိုးသွင်းနှုန်းလျော့ကျခဲ့ပါက စံချိန်တင်နိုင်မည်မဟုတ် သော်လည်း ပြိုင်ဆိုင်မှုအနေအထားအရ စံချိန်သစ်ဖြစ်လာမည်ဟု ခန့်မှန်းနေခြင်းဖြစ်သည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ရမှတ်တူညီနေပါက သွင်းဂိုးများဖြင့် ဆုံးဖြတ်သည့်ပြိုင်ပွဲဖြစ်နေခြင်းကြောင့်လည်း ထိပ်သီး(၆)သင်း၏ အားပြိုင်မှုနှင့်အတူ ဂိုးသွင်းနှုန်းများ မြင့်တက်လာလိမ့်မည်ဟု သုံးသပ်နေကြခြင်းလည်းဖြစ်သည်။ 

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲသည် လက်ကျန်(၈၁)ပွဲ ယှဉ်ပြိုင်ကစားသွားရဦး မည်ဖြစ်ပြီး ယင်းပွဲများ၌ စုစုပေါင်းဂိုး(၂၂၀) သွင်းယူနိုင်လျှင်ပင် စံချိန်သစ်ဖြစ်လာမည် ဖြစ်သည်။ 

လက်ရှိအချိန်တွင် ဂိုးအများဆုံး သွင်းယူထားနိုင်သည့်အသင်းအဖြစ် မန်စီးတီးအသင်းက (၇၉)ဂိုးဖြင့် ဦးဆောင်နေပြီး မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီက (၁၀၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent