မန်စီးတီးအသင်းမှာ ချန်ပီယံလိဂ်တွင် ချာတိတ်အဆင့်သာရှိသေးသည်ဟု ဂွါဒီယိုလာ ဖွင့်ဟ

မန်စီးတီးအသင်းမှာ ချန်ပီယံလိဂ်တွင် ချာတိတ်အဆင့်သာရှိသေးသည်ဟု ဂွါဒီယိုလာ ဖွင့်ဟ
Photos : AFP
Photos : AFP
Published 12 March 2019

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက သူ၏အသင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချာတိတ်(ဆယ်ကျော်သက်)အဆင့်သာ ရှိသေးသည်ဟု ရှော်လ်ကေးနှင့်ဒုတိယအကျော့ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဂျာမန်မြေတွင်ကစားခဲ့သည့် ပထမအကျော့တွင် တစ်ဂိုးရှုံး၊ တစ်ယောက်လျော့အနေအထားမှ စတာလင်၊ ဆာနေးတို့၏ နောက်ကျဂိုးများကြောင့် (၃-၂)ဂိုးဖြင့် အနိုင်ယူခဲ့သည်။

မန်စီးတီးအသင်းမှာ ယခုရာသီ ချန်ပီယံလိဂ်များမစတင်မီကတည်းက ရေပန်းစားမှုတွင် ထိပ်ဆုံး၌ရှိခဲ့ပြီး လက်ရှိတွင်လည်း ရေပန်းအစားဆုံးဖြစ်နေသော်လည်း ဂွါဒီယိုလာက ယင်းကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

ဒဒ ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲမှာ ချာတိတ်(ဆယ်ကျော်သက်)အဆင့်ပဲရှိပါသေးတယ်။ ဒါက ကျွန်တော့် စိတ်ခံစားမှုပါ။ ဆင်ခြေမဟုတ်ပါဘူး။ တကယ်တော့ ဆုဖလားကို ရယူချင်ပါတယ်။ တတ်နိုင်သလောက် အမြင့်ဆုံးအဆင့်ကို ရည်မှန်းချက်ထားရှိရမှာပါ။ တစ်ချိန်တည်းမှာပဲ အရည်အသွေးရှိပြီး အင်အားတောင့်တဲ့ တခြားအသင်းတွေကလည်း ဒီလိုပဲ မျှော်လင့်ထားပါလိမ့်မယ်။ ပြည်တွင်းပွဲတွေမှာ ဒီပွဲက နောက်တစ်ပွဲပါ။ အခုပြိုင်ပွဲမှာတော့ ဒါဟာ နောက်တစ်ပွဲမဟုတ်ပါဘူး။ ထူးခြားမှုတချို့လည်းရှိသလို အာရုံစိုက်မှုတွေကလည်း မယုံနိုင်လောက်စရာပါပဲ။ အမှားတစ်စုံတစ်ရာလုပ်မိတာနဲ့ ပြိုင်ဘက်က နာကျင်မှုတွေ ပေးပါလိမ့်မယ်။ ပထမအကျော့မှာ ရှော်လ်ကေးက ဂိုးပေါက်တည့်မှု နှစ်ကြိမ်ရှိခဲ့တယ်။ နှစ်ဂိုးသွင်းခဲ့တယ်။ ကျွန်တော်တို့ (၁-၃)၊ (၁-၄)နဲ့ အရေးနိမ့်နိုင်တဲ့အနေအထားကနေ (၃-၂)ဂိုးနဲ့နိုင်ခဲ့တာ ကံကောင်းပါတယ်။ ဒါဟာ ဒီပြိုင်ပွဲရဲ့အစစ်အမှန်ပါပဲ။ ကျွန်တော်တို့ ကြိုးစားကစားရမယ်။ တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစိုက်ထားရမယ်ဒဒ ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

ထို့ပြင် ဂွါဒီယိုလာက ပြီးခဲ့သည့်အပတ်တွင် ဏှွ၊ ရီးယဲလ်မက်ဒရစ်အသင်းများကဲ့သို့ ပထမအကျော့တွင် အနိုင်ရပြီးမှ ထွက်သွားရသည့်အဖြစ်မျိုးကို ရှောင်ရှားလိုသည်ဟုလည်း ဝန်ခံခဲ့သည်။

Most Read

Most Recent