အက်သလက်တီကိုအသင်းကို ကျော်ဖြတ်နိုင်စွမ်းရှိပြီး ပရိသတ်များ၏ အားပေးယုံကြည်မှုလိုအပ်ဟု စီရော်နယ်လ်ဒို တိုက်တွန်း

အက်သလက်တီကိုအသင်းကို ကျော်ဖြတ်နိုင်စွမ်းရှိပြီး ပရိသတ်များ၏ အားပေးယုံကြည်မှုလိုအပ်ဟု စီရော်နယ်လ်ဒို တိုက်တွန်း
Photos : AFP
Photos : AFP
Published 12 March 2019

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အက်သလက်တီကိုအသင်းကို ကျော်ဖြတ်နိုင်စွမ်းရှိပြီး ပရိသတ်များ၏ အားပေးယုံကြည်မှု လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဂျူဗင်တပ်စ်အသင်းသည် မက်ဒရစ်၌ ကစားသည့် ပထမအကျော့ပွဲတွင် နှစ်ဂိုးပြတ် ရှုံးနိမ့်ထားသောကြောင့် မတ် ၁၂ ရက်(ယနေ့)  ကစားရမည့် အိမ်ကွင်းပွဲ၌ အနည်းဆုံးသုံးဂိုး သွင်းယူရမည့်အပြင် အဝေးဂိုးမပေးရရန် လည်း လိုအပ်နေသည်။ 

သို့ဖြစ်ရာ အက် သလက်တီကိုအသင်းက ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့်ရရန် အခွင့်အရေးပိုများနေ သော်လည်း စီရော်နယ်လ်ဒိုက ၎င်းတို့ကို ကျော်ဖြတ်ရန် ယုံကြည်မှုရှိကြောင်း ပြော ကြားခြင်းဖြစ်သည်။

''အင်္ဂါနေ့ညမှာ အဆင် ပြေမယ်လို့ တွေးထားလိုက်ပါ။ ယုံကြည်မှုလည်းရှိထားပါ။ သူတို့ကို အနိုင်ယူကျော်ဖြတ် ဖို့ဆိုတာ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ကွင်းထဲမှာ လှပခမ်းနားတဲ့အခြေအနေမျိုးဖြစ်လာဖို့ ခင်ဗျားတို့ရဲ့အကူအညီ လိုအပ်ပါတယ်။ အားလုံးအတူတူကျော်ဖြတ်ကြမယ်။ ဒီနေရာ မှာ ခင်ဗျားတို့အကူအညီ လိုအပ်ပါတယ်။ ကျွန်တော်တို့က ကွင်းထဲမှာ ဂိုးတွေသွင်းယူဖို့ နဲ့ နိုင်ပွဲရအောင် ကြိုးစားရမယ့်တာဝန်ရှိပါ တယ်။ အဲဒီလိုဖြစ်ဖို့အတွက် ခင်ဗျားတို့ကို လိုအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါ တယ်။ ကျွန်တော်တို့ပြန်လာနိုင်ဖို့ အသင့်ပြင် ထားလိုက်ရအောင်''ဟု ၎င်းက တိုက်တွန်း ပြောကြားသည်။

ထို့ပြင် ဂျူဗင်တပ်စ်အသင်း၏ အမာခံ ပရိသတ်အဖွဲ့ကလည်း အိမ်ကွင်းပွဲစဉ်များ၌ ပြုလုပ်နေသည့် ဆန္ဒပြမှုအစီအစဉ်ကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ 

The Curva Sud ပွဲကြည့်စင်တွင် ကြည့်ရှုလေ့ရှိသည့် အမာခံ ပရိသတ်အဖွဲ့သည် လက်မှတ်စျေးနှုန်းကြီး မြင့်မှုကို ဆန့်ကျင်သည့်အနေဖြင့် ယခုရာသီ အိမ်ကွင်းပွဲစဉ်အားလုံး၌ ပထမပိုင်း ၃၉ မိနစ် အထိ တိတ်ဆိတ်စွာအားပေး၍ ဆန္ဒပြမှု ပြုလုပ်လျက်ရှိသည်။ 

၎င်းတို့သည် အူဒီးနီးစ် အသင်းနှင့်ပွဲမှစ၍ ဆန္ဒပြမှုရပ်ဆိုင်းခဲ့ခြင်းဖြစ် ပြီး ပွဲချိန်တစ်လျှောက်လုံး ဆူညံစွာအားပေး ခဲ့သလို အင်္ဂါနေ့ပွဲတွင်လည်း ယင်းကဲ့သို့ အားပေးရန် လှုံ့ဆော်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent