အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီကို ဂယ်ရီနဗီးလ်နှင့် ကာရေဂါတို့ချီးကျူးစကားဆို

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီကို ဂယ်ရီနဗီးလ်နှင့် ကာရေဂါတို့ချီးကျူးစကားဆို
Photo : AFP
Photo : AFP
Published 12 March 2019

Sky Sports ရုပ်သံ၏ ဘောလုံးသုံးသပ်သူ (၂)ဦးဖြစ်သည့် ဂယ်ရီနဗီးလ်နှင့် ကာရေဂါတို့သည် အာဆင် နယ်အသင်း၏ နည်းပြဖြစ်သူ အူနိုင်းအမ်မရီအား ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်အသင်းကြီး (၆)သင်းထဲတွင် ကစားသမားအင်အားအနည်းဆုံးအသင်းဟု နှစ်ဦးစလုံးက သဘော တူခဲ့ကြပြီး ယခုအချိန်တွင် အဆင့် (၄)နေရာအထိ ရပ်တည်လာနိုင်ခဲ့ခြင်းအတွက် အူနိုင်းအမ်မရီကို ချီး ကျူးခဲ့ကြခြင်းလည်းဖြစ်သည်။ 

ကာရေဂါက ''ကျွန်တော့်အမြင်မှာတော့ အသင်းကြီး (၆)သင်းထဲမှာ  အာဆင် နယ်က အင်အားအနည်းဆုံးအသင်း ပါ။ ဒါကြောင့် အာဆင်နယ်ဘယ်အ ဆင့်ရပ်တည်မလဲလို့မေးရင်လည်း အ ဆင့် (၆)ပဲလို့ ဖြေမိမှာ။ အခုသူတို့ အ ဆင့် (၄)မှာရပ်တည်နေပြီး ဒီအခြေ အနေကို ထိန်းထားနိုင်မယ်ဆိုရင် တော့ အူနိုင်းအမ်မရီကြောင့်ပါပဲ''ဟု ဆိုခဲ့သည်။

ဂယ်ရီနဗီးလ်ကလည်း အာဆင် နယ်အသင်းသည် အူနိုင်းအမ်မရီ လက်ထက်တွင် ဝင်းဂါးလက်ထက်က ထက် ပွဲအပေါ် ပိုမိုဂရုစိုက်ကစားလာ သည်ကို တွေ့မြင်နေရကြောင်း ချီး ကျူးခဲ့သည်။ 

Most Read

Most Recent