မန်ယူပရိသတ်ကို ဓားဖြင့်ထိုးသူအား လူသတ်ရန်ကြိုးပမ်းမှုဖြင့် အမှုဖွင့်

မန်ယူပရိသတ်ကို ဓားဖြင့်ထိုးသူအား လူသတ်ရန်ကြိုးပမ်းမှုဖြင့် အမှုဖွင့်
Photo : AFP
Photo : AFP
Published 11 March 2019

ပါရီမြို့၌ မန်ယူအသင်းပရိသတ်ကို ဓားဖြင့်ထိုးခဲ့သည့် တက္ကစီသမားအား လူသတ်ရန် ကြိုးပမ်းမှုဖြင့် အမှုဖွင့်ထားကြောင်း တရားရုံး နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက AFP သတင်းဌာနသို့ ပြောကြားသည်။

အသက် ၄၄ နှစ်အရွယ် မန်ယူအသင်း ပရိသတ်တစ်ဦးသည် မတ် ၆ ရက်က PSG-မန်ယူ ချန်ပီယံလိဂ်ပွဲအပြီးတွင် မိတ်ဆွေများနှင့်အတူ တက္ကစီငှား၍ ပါရီမြို့လယ်သို့သွားရောက်ခဲ့ကြောင်း သိရသည်။ 

၎င်းတို့သည် မန်ယူအသင်း၏ အနိုင်ရလဒ်အတွက် သီချင်းသီဆိုအောင်ပွဲခံရာ တက္ကစီသမားက ယာဉ်ကို ရပ်တန့်၍ ၎င်းတို့အား ကားအတွင်းမှဆွဲထုတ်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် တက္ကစီသမားက အတူပါလာသည့် ခရီးသည်အမျိုးသမီးကို ခြိမ်းခြောက်ပြောဆိုနေသဖြင့် ၎င်းက ဝင်ရောက်ဖျန်ဖြေ၍ အမျိုးသမီးကိုကာကွယ်ရန် ကြိုးပမ်းစဉ် ရင်ဘတ်အား ဓားဖြင့်ထိုးခံရ ခြင်းဖြစ်သည်။ 

ပြင်သစ်ရဲတပ်ဖွဲ့သည် ၎င်းအား ဓားဖြင့်ထိုးခဲ့သူဟုယူဆရသည့် အမျိုးသားတစ်ဦးကို မတ် ၈ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လူသတ်ရန်ကြိုးပမ်းမှုဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။ 

ဓားဖြင့်ထိုးခံရသူမှာ ဘော်လ်တန်မြို့၌နေထိုင်သည့် မိုက်ဂျက်ဆန်ဆိုသူဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်စရာ မရှိကြောင်း သိရသည်။

Most Read

Most Recent