အေဂျက်စ်ကွင်းလယ်တိုက်စစ်ကစားသမား တာဒစ်အား ခေါ်ယူရန် ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးတို့ စောင့်ကြည့်နေ

အေဂျက်စ်ကွင်းလယ်တိုက်စစ်ကစားသမား တာဒစ်အား ခေါ်ယူရန် ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးတို့ စောင့်ကြည့်နေ
Photo: Getty Images
Photo: Getty Images
Published 9 March 2019

တာဒစ်ကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စောင့်ကြည့်နေကြပြီး ယင်းအထဲတွင် မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ပါဝင်နေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo ကဖော်ပြခဲ့သည်။

ဥရောထိပ်တန်းကလပ်များဖြစ်သည့် ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးအသင်းတို့သည် အေဂျက်စ်အသင်းကွင်းလယ်တိုက်စစ်ကစားသမား တာဒစ်အား ခေါ်ယူရန်စောင့်ကြည့်နေကြကြောင်း သိရသည်။

အသက် (၃၀)နှစ်အရွယ်ရှ ဆာဘီးယားကွင်းလယ်တိုက်စစ်ကစားသမား တာဒစ်သည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် ရီးယဲလ်မက်ဒရစ် (၁-၄) အေဂျက်စ်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး မီဒီယာများနှင့် ဘောလုံးဝေဖန်သူများ၏ ချီးကျူးမှုကိုခံခဲ့ရသူဖြစ်သည်။

ထို့ကြောင့် တာဒစ်ကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စောင့်ကြည့်နေကြပြီး ယင်းအထဲတွင် မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ပါဝင်နေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo ကဖော်ပြခဲ့သည်။

တာဒစ်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဆာဘီးယားကလပ် ဗိုဗိုဒီနာအသင်းတွင် စတင်ခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆောက်သမ်တန်အသင်းတွင် (၄)ရာသီကြာကစားခဲ့သူဖြစ်သည်။ 

၄င်းသည် ယခုရာသီအစပိုင်းတွင် ဆောက်သမ်တန်အသင်းမှ အေဂျက်စ်အသင်းသို့ ယူရို (၁၃)သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၄၀)တွင် (၂၆)ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သည်။

မီဒီယာများ၏ ဖော်ပြမှုအရ တာဒစ်၏ လက်ရှိတန်ကြေးမှာ ယူရိုသန်း (၃၀)ခန့်သာ ရှိသည့်အတွက် ၄င်းအားခေါ်ယူလိုသည့်အသင်းများ များပြားနေခြင်းဖြစ်ကြောင်းသိရသည်။

Most Read

Most Recent