ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 8 March 2019

ဘီလ်ဘာအို နှင့် အက်စ်ပန်ညို (စနေနံနက် ၂:၃၀ နာရီ)

နှစ်သင်းစလုံး ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်ရတော့မယ့် အချိန်ဖြစ်နေတယ်။ ဒီနှစ်သင်းမှာ ဘီလ်ဘာအိုက ခြေပိုငြိမ်သလို အိမ်ရှင်အခွင့်အရေးလည်းရှိတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းကိုပဲ ကြိုက်နေမိတယ်။

ဂျူဗင်တပ်စ် နှင့် အူဒီနီးစ် (စနေနံနက် ၂:၀၀ နာရီ)

စီးရီးအေခရီးဟာ ဂျူဗင်တပ်စ်အတွက် လွယ်ကူလွန်းသွားပါပြီ။ ဒီလိုအချိန်မျိုးမှာ ဂျူဗင်တပ်စ် ဘယ်လောက်အာရုံစိုက်မလဲ၊ နိုင်ပွဲတွေရရုံနဲ့ ကျေနပ်သာယာနေမလားဆိုတာ မဖြစ်မနေထည့်စဉ်းစားရပါမယ်။ အူဒီးနီးစ်က တန်းဆင်းဇုန်နဲ့ ဝေးသထက်ဝေးအောင် ပြေးထွက်ချင်နေလို့ ဂျူဗင်တပ်စ်ထက်ပိုပြီး တိုက်ပွဲဝင်စိတ် ပြင်းထန်နေမယ်ဆိုပေမယ့် အဝေးကွင်း (၆)ပွဲဆက်နိုင်ပွဲပျောက်ထားလို့ ဂိုးပြတ်မရှုံးရုံလောက်ပဲ ကစားနိုင်မယ်။

၀ါဒါဘရီမင် နှင့် ရှော်လ်ကေး (စနေနံနက် ၂:၀၀ နာရီ)

ဒီပွဲက ရှော်လ်ကေးအသင်းနည်းပြ တယ်ဒယ်စကိုရဲ့အနာဂတ်နဲ့ လောင်ကြေးထပ်မယ့်ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ ရှော်လ်ကေးကိုပဲ အရဲစွန့်ရွေးချင်တယ်။

Most Read

Most Recent