စီရော်နယ်လ်ဒိုကို လွမ်းဆွတ်မိပြီး ရီးယဲလ်အသင်းအနေဖြင့် ၎င်း၏နေရာကို အစားထိုးနိုင်ခဲ့ခြင်းမရှိဟု မိုဒရစ် ထုတ်ဖော်ပြောကြား

စီရော်နယ်လ်ဒိုကို လွမ်းဆွတ်မိပြီး ရီးယဲလ်အသင်းအနေဖြင့် ၎င်း၏နေရာကို အစားထိုးနိုင်ခဲ့ခြင်းမရှိဟု မိုဒရစ် ထုတ်ဖော်ပြောကြား
Photos : AFP
Photos : AFP
Published 5 March 2019

ရီးယဲလ်အသင်း၏ ကွင်းလယ်ကစားသမား မိုဒရစ်က ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် အသင်းဖော် စီရော်နယ်လ်ဒိုကို လွမ်းဆွတ်မိကြောင်းနှင့် အသင်းတာဝန်ရှိသူများအနေဖြင့် ၎င်း၏နေရာကို အစားထိုးနိုင်ခဲ့ခြင်းမရှိဟု ထုတ်ဖော်ပြောကြားခဲ့သည်။

မိုဒရစ်သည် အေဂျက်စ်နှင့် ချန်ပီယံလိဂ်ပွဲအကြို ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး  အနုတ်လက္ခဏာဆောင်သည့်စကားဖြစ်ခြင်းကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ရသည်။

စီရော်နယ်လ်ဒို၏ လမ်းခွဲမှုနှင့်ပတ်သက်၍ ရီးယဲလ်ကစားသမားအများစုက ပြဿနာမရှိကြောင်း ပြောခဲ့ဖူးသော်လည်း မိုဒရစ်က ယခုရာသီတွင် ရီးယဲလ်အသင်း တိုက်စစ်စွမ်းဆောင်ရည်ကျ ဆင်းပြီး သွင်းဂိုးများလျော့နည်းလာခဲ့ခြင်းမှာ စီရော်နယ်လ်ဒိုမရှိတော့ခြင်းကြောင့်ဖြစ်သည် ဟုလည်း ပြောကြားခဲ့သည်။

မိုဒရစ်က  '' စီရော်နယ်လ်ဒိုကို ဆုံးရှုံးလိုက်ရတဲ့အသင်းတိုင်း ဒီလိုပဲဖြစ်မှာပါ။ သူ့နေရာကို အစားထိုး နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အသင်းအတွက် သူ လုပ်ပေးခဲ့တာတွေအတွက် ကျွန်တော်တို့ လွမ်းဆွတ်မိပါတယ်။ အသင်းက သူ့လိုလုပ်ဆောင်နိုင်မယ့်သူကို အလိုရှိခဲ့ပါတယ်။ ဒါပေမဲ့ မလွယ်ကူပါဘူး။ ဒီ အချက်က ကျွန်တော်တို့ ဒီနှစ်ရင်ဆိုင်ရတဲ့ အကြီးမားဆုံး ပြဿနာလည်းဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ဘုရင့်ဖလားပွဲမှာ အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာလည်း ဒါကြောင့်ပါပဲ''ဟု ဆိုခဲ့သည်။

Most Read

Most Recent