ဂျူဗင်တပ်စ်အသင်းက နာပိုလီကို အဝေးကွင်းမှာ အနိုင်ကစားပြီး အမှတ်ပေးဇယားမှာ (၁၆)မှတ်အထိ ဖြတ်နိုင်ခဲ့ပါတယ်။
နာပိုလီဂိုးသမား မာရတ်က (၂၅)မိနစ်နဲ့ ဂျူဗင်တပ်စ်ကွင်းလယ်လူ ယာနစ်က (၄၇)မိနစ်မှာ အထုတ်ခံခဲ့ရပြီး အဝါကတ်(၉)ကြိမ်အထိ ပြသခံခဲ့ရပါတယ်။
ဂျူဗင်တပ်စ်အတွက်ဂိုးတွေကို ယာနစ်က (၂၈)မိနစ်နဲ့ အမ်မရီချန်က (၃၉)မိနစ်တွေမှာ သွင်းယူခဲ့ပြီး နာပိုလီအတွက် ချေပဂိုးတစ်ဂိုးကို ကယ်လီဟွန်က (၆၁)မိနစ်မှာ ပြန်သွင်းခဲ့ပါတယ်။
(၈၄)မိနစ်မှာ နာပိုလီအသင်း ပယ်နယ်တီကန်ခွင့်ရပေမယ့် အင်ဆစ်ဂ်နီကန်ချက် တိုင်ထိထွက်ခဲ့ပါတယ်။
အက်သလက်တီကိုကတော့ ဆိုစီဒက်ကွင်းမှာ မိုရာတာသွင်းယူတဲ့ ဂိုး(၂)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။
ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ နောက်ဆုံး(၃)ရာသီအတွင်း မိုရာတာရဲ့ခေါင်းတိုက်ဂိုး (၁၅)ဂိုးအထိရှိလာပြီး ပါဗော့လက်တီ(၁၇ ဂိုး)၊ စတူအာနီ(၁၆ ဂိုး)တို့နောက် တတိယအများဆုံးဖြစ်နေပါတယ်။
■ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ ပွဲစဉ်ရလဒ်များ
ပရီးမီးယားလိဂ်
ဝက်ဖို့ဒ် ၂ - ၁ လက်စတာ
ဖူလ်ဟမ် ၁ - ၂ ချယ်လ်ဆီး
အဲဗာတန် ၀ - ၀ လီဗာပူးလ်
လာလီဂါ
အီဘာ ၁ - ၀ ဆယ်လ်တာဗီဂို
ဘက်တစ် ၁ - ၂ ဂီတာဖေး
ဆိုစီဒက် ၀ - ၂ အက်သလက်တီကို
ဗလင်စီယာ ၂ - ၀ ဘီလ်ဘာအို
စီးရီးအေ
တိုရီနို ၃ - ၀ ချီယေဗို
အူဒီးနီးစ် ၂ - ၁ ဘိုလော့ဂ်နာ
ဂျီနိုအာ ၀ - ၀ ဖရိုဆီနိုနီ
SPAL ၁ - ၂ ဆမ်ဒိုးရီးယား
အတ္တလန်တာ ၃ - ၁ ဖီအိုရင်တီးနား
နာပိုလီ ၁ - ၂ ဂျူဗင်တပ်စ်
ဘွန်ဒစ်လီဂါ
စတုဂတ် ၅ - ၁ ဟန်နိုဗာ
ဝုလ်ဖ်ဘတ် ၁ - ၁ ၀ါဒါဘရီမင်
ပြင်သစ်လီဂူး
ဂူအင်ဂမ့် ၀ - ၀ နန့်စ်
လိုင်လီ ၁ - ၀ ဒီယွန်း
နိုက်စ် ၁ - ၀ စထရာဘိုး
လိုင်ယွန် ၅ - ၁ တူးလူး
မာဆေးလ် ၂ - ၀ စိန့်အက်တီယန်