ရီးယဲလ်မက်ဒရစ် - ဘာစီလိုနာထိပ်တိုက်တွေ့ဆုံမှုက အက်သလက်တီကိုအတွက် အခွင့်အရေးတစ်ခုလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
အီဘာ - ဆယ်လ်တာဗီဂို (တနင်္ဂနွေညနေ ၅း၃၀ နာရီ)
ဆယ်လ်တာဗီဂိုရဲ့လက်ရှိအဝေးကွင်း ကစားအားနဲ့တော့ အီဘာလို အိမ်ကွင်းမာကျောတဲ့အသင်းကို မနည်းတောင့်ခံ ကစားရလိမ့်မယ်။ ဆယ်လ်တာဗီဂိုရဲ့ အဝေးကွင်းခံစစ်ပိုင်းအားနည်းမှုကလည်း နောက်ပိုင်းပွဲတွေမှာ သိသိသာသာမြင်လာရလို့ အိမ်ကွင်းအားသာချက်ရှိတဲ့ အီဘာအတွက် အခွင့်အရေးကောင်းပါပဲ။ အီဘာနဲ့ ဂိုးအများပဲ ကောင်းမယ်ထင်တယ်။
ဘက်တစ် - ဂီတာဖေး (တနင်္ဂနွေည ၉း၄၅ နာရီ)
ယူရိုပါလိဂ်ကို နှုတ်ဆက်လိုက်ရပြီဆိုတော့ ဘက်တစ်လာ မယ့်ရာသီ ဥရောပဝင်ခွင့်အတွက် လာလီဂါမှာ ပြန်တင်ရတော့မယ်။ ဂီတာဖေးက ခြေမှန်ပေမယ့် အဝေးကွင်းမှာတော့ ထင်သလောက်မဟုတ်သေးပါဘူး။ အိမ်ရှင်နဲ့ ဂိုးအများပဲကြိုက်တယ်။
ဆိုစီဒက် - အက်သလက်တီကို (တနင်္ဂနွေ ဝဝးဝ၀ နာရီ)
ရီးယဲလ်မက်ဒရစ် - ဘာစီလိုနာထိပ်တိုက်တွေ့ဆုံမှုက အက်သလက်တီကိုအတွက် အခွင့်အရေးတစ်ခုလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒါပေမဲ့ ကစားရမှာက အနိုတာမှာဆိုတော့ အက်သလက်တီကိုအတွက်လည်း လွယ်ကူတဲ့ပွဲမဟုတ်ပါဘူး။ အနိုတာကွင်းမှာ နောက်ဆုံးကစားထားတဲ့ (၂)ပွဲစလုံးကိုလည်း အက်သလက်တီကိုအရေးနိမ့်ထားပြီး လက်ရှိအချိန်ကလည်း ဆိုစီဒက်ခြေမှန်နေတဲ့အပြင် အိမ်ကွင်းကစားပုံပါ ပြန်ငြိမ်နေချိန်ဖြစ်လို့ အက်သလက်တီကိုအတွက် ရင်ဆိုင်ရခက်မယ့် ပြိုင်ဘက်မျိုး ဖြစ်နေတယ်။ ဆိုစီဒက် ၂၀၁၉ ခုနှစ်အတွင်း ပြိုင်ပွဲစုံတစ်ပွဲမှ ရှုံးပွဲမရှိတဲ့အပြင် နောက်ဆုံးကစားထားတဲ့ (၅)ပွဲမှာလည်း ပေးဂိုးတစ်ဂိုးသာရှိအောင်ကစားထားနိုင်လို့ အဝေးကွင်းဂိုးရဖို့ ရုန်းနေရတဲ့ အက်သလက်တီကိုအတွက် ဒီပွဲမှာဂိုးရဖို့ကလည်း စိန်ခေါ်မှု တစ်ခုပါပဲ။ နောက်ဆုံးကစားထားတဲ့ အဝေးကွင်းပွဲမှာဆိုရင်လည်း အဆင့် (၁၉)က ဗယ်လက်ကာ နိုကိုတောင် (၁-၀)ဂိုးနဲ့သာ ကပ်နိုင်ထားတဲ့ အက်သလက်တီကိုရဲ့ကစားအားနဲ့ ဂိုးသွင်းပုံအရ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်နေတဲ့ ဆိုစီဒက်ဆီက အမှတ်ပြည့်ယူထားနိုင်ရေးက ထင်သလောက်ဖြစ်မလာနိုင်ပါဘူး။ ဆိုစီဒက်နဲ့ ဂိုးအနည်းပဲ ဦးစားပေးထားမယ်။
ဗလင်စီယာ - ဘီလ်ဘာအို (တနင်္လာ နံနက် ၂း၁၅ နာရီ)
ဗလင်စီယာကတော့ ယူရိုပါလိဂ်ဘက်ကို အာရုံပိုရောက်နေလိမ့်မယ်။ လက်ရှိခြေစွမ်းတွေအရလည်း ဘီလ်ဘာအိုက အတက်ဘက်ကိုပြလာနေပြီး ဥရောပဝင်ခွင့်ပါမျှော်လင့်နေချိန်ဆိုတော့ ဗလင်စီယာထက် လာလီဂါကို ပိုပြီးအားစိုက်ကစားနေ ချိန်ဖြစ်တယ်။ အဝေးကွင်းဆိုပေမယ့် ဘီလ်ဘာအိုတို့ အနိမ့်ဆုံး သရေလောက်ကစားနိုင်ပါတယ်။ ဂိုးတော့နည်းမယ်။