စီရော်နယ်လ်ဒိုကြောင့် ဂျူဗင်တပ်စ်ကစားသမားများ စိတ်အားတက်ကြွနေသည်ဟု ကာပယ်လို ပြောကြား

စီရော်နယ်လ်ဒိုကြောင့် ဂျူဗင်တပ်စ်ကစားသမားများ စိတ်အားတက်ကြွနေသည်ဟု ကာပယ်လို ပြောကြား
Photo: Reuters
Photo: Reuters
Published 20 February 2019

အင်္ဂလန်အသင်းနည်းပြဟောင်း ကာပယ်လိုက စီရော်နယ်လ်ဒိုရောက်ရှိလာခြင်းကြောင့် ဂျူဗင်တပ်စ်ကစားသမားများမှာ ယခင်ကထက်ပိုမိုစိတ်အားတက်ကြွနေသည်ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့တွင် ဂျူဗင်တပ်စ်အသင်းသို့ရောက်ရှိလာပြီး ထင်မှတ်ထားသည်ထက် ပိုမိုခြေစွမ်းပြနိုင်ခဲ့ကာ အသင်းအတွက် ပြိုင်ပွဲစုံ (၃၂) ပွဲတွင် (၂၁) ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သည်။

ကာပယ်လိုက ''စီရော်နယ်လ်ဒို ရောက်ရှိလာတာဟာ ဂျူဗင်တပ်စ်ကစားသမားအများစုကို လှုပ်နှိုးလိုက်သလိုပါပဲ။ စီရော်နယ်လ်ဒိုကြောင့် ဂျူဗင်တပ်စ်ကစားသမားတွေဟာ ပိုပြီးတိုးတက်လာပါတယ်။ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းအတွက် အရမ်းအရေးကြီးတဲ့ကစားသမားဖြစ်ပြီး သူ့လိုကစားသမားတစ်ယောက်နဲ့ တွဲဖက်လေ့ကျင့်ခွင့်ရတာကိုက ကစားသမားတွေအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။ ဒါက အသင်းရဲ့ကစားအားပိုင်းကိုပါ သက်ရောက်မှုအများကြီးရှိပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူလိုနေမှာကတော့ သေချာပါတယ်" ဟုပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် စတုတ္ထမြောက်ရေပန်းအစားဆုံးဖြစ်နေပြီး ရှုံးထွက် (၁၆)သင်းအဆင့်တွင် စပိန်ကလပ် အက်သလက်တီကိုအသင်းနှင့် တွေ့ဆုံလျက်ရှိသည်။

Most Read

Most Recent