လိုင်ယွန်နှင့် ပွဲစဉ်အတွက် အသင့်ဖြစ်နေပြီဟု ဗယ်လ်ဗာဒီ ပြောကြား

လိုင်ယွန်နှင့် ပွဲစဉ်အတွက် အသင့်ဖြစ်နေပြီဟု ဗယ်လ်ဗာဒီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 19 February 2019

ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက လိုင်ယွန်အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် မိမိတို့အသင်း အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

လိုင်ယွန်နှင့် ဘာစီလိုနာတို့၏ပွဲစဉ်ကို ယနေ့ည (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၂း၃၀ နာရီ) တွင် လိုင်ယွန်အသင်း၏ အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဗယ်လ်ဗာဒီက '' လိုင်ယွန်နဲ့ပွဲစဉ်ဟာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဆုဖလားကို ရယူဖို့ ဆာလောင်နေပြီး လိုင်ယွန်နဲ့ပွဲအတွက် အသင့်ဖြစ်နေပါပြီ"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယခုနောက်ပိုင်းပွဲစဉ်များ၌ ဘာစီလိုနာအသင်းအနေဖြင့် အဝေးကွင်းတွင် သွင်းဂိုးများနည်းပါးနေခြင်းမှာ ဗယ်လ်ဗာဒီ၏ ခံစစ်အားပြုသည့် နည်းစနစ်ပိုင်းကြောင့်ဖြစ်သည်ဟု ဝေဖန်မှုများရှိနေရာ ဗယ်လ်ဗာဒီက ၄င်းတို့အသင်းမှာ တိုက်စစ်ကစားသည့် အသင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဗယ်လ်ဗာဒီက ''လူတိုင်းမှာ သူတို့ခံစားရသလို ပြောပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ကျွန်တော်တို့အသင်းဟာ တိုက်စစ်ဖွင့်ကစားတဲ့ အသင်းဖြစ်ပါတယ်။ ဒါမျိုးကို စကားနဲ့ပြောနေလို့တော့ သိပ်အဆင်မပြေပါဘူး။ ဘာစီလိုနာအသင်း ပွဲတွေကို စောင့်ကြည့်ပါ။ ဒါဆိုရင် ကျွန်တော်တို့အသင်း ဘယ်လိုကစားတယ်ဆိုတာ ခင်ဗျားတို့နားလည်ပါလိမ့်မယ်'' ဟုပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းကွင်းလယ်လူ ဘူးစကွက်စ်ကလည်း ၄င်းတို့အနေဖြင့် လိုင်ယွန်အသင်းကို လေးစားမှုအပြည့်ရှိကြောင်း ပြောကြားခဲ့သည်။

ဘူးစကွက်စ်က '' လိုင်ယွန်အသင်းကို ကျွန်တော်တို့လေးစားမှုအပြည့်ရှိပါတယ်။ သူတို့ဟာ သိပ်မကြာခင်ကပဲ PSG အသင်းကို အနိုင်ကစားခဲ့ပါတယ်။ သူတို့အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ အလွန်လျင်မြန်တဲ့ ကစားသမားတွေရှိပါတယ်။ ဒီတော့ သူတို့ကို နေရာလွတ်တွေပေးလို့ မဖြစ်ပါဘူး" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent