ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု (ခ) ပထမနေ့ကို ဖေဖော်ဝါရီ ၁၈ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။
အုပ်စု (က) ပွဲများကို ဖေဖော် ၀ါရီ ၁၇ ရက်တွင် စတင်ကျင်းပပြီး အုပ်စု (ခ) ပွဲများကို ယနေ့ ကျင်းပမည်ဖြစ်ကာ နှစ်ပွဲ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
အုပ်စု (ခ) ပွဲစဉ်များအဖြစ် ယနေ့မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် မြန်မာနှင့် အင်ဒိုနီးရှား၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် အိမ်ရှင်ကမ္ဘောဒီးယားနှင့် မလေးရှား အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာအသင်းပါဝင်သော အုပ်စု (ခ) မှာ တစ်ဖက်အုပ်စုထက် အုပ်စုကျပ်နေပြီး ဆီမီးဖိုင်နယ်တက် ရောက်ရန် အသင်းတိုင်း အခွင့် အရေးရှိနေသည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က အင်ဒို နီးရှားနှင့် ယှဉ်ပြိုင်မည့် အုပ်စုပထမ ပွဲတွင် အမှတ်ရယူနိုင်ရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
''အုပ်စုကျပ်ထဲရောက်နေတဲ့ အတွက် ပွဲတိုင်းက အရေးကြီးပါ တယ်။ အင်ဒိုနီးရှားနဲ့ပွဲကလည်း အရေးကြီးတဲ့ပွဲတွေထဲက တစ်ပွဲ အပါအဝင်ဖြစ်ပါတယ်။ ကျွန်တော် တို့ ရလဒ်ကောင်းဖို့ လိုအပ်ပြီး အမှတ် ရယူနိုင်ဖို့ ကြိုးစားမှာပါ။ ဆီမီးဖိုင် နယ်တက်ရောက်ဖို့ မျှော်မှန်းထား တာကြောင့် ပွဲတိုင်းကို အာရုံစိုက်ပြီး ယှဉ်ပြိုင်မှာပါ။ ကစားသမားတွေကို လည်း အပြည့်အဝယုံကြည်ပြီး ဒီ ပြိုင်ပွဲမှာ အကောင်းဆုံးစွမ်းဆောင် ရည်တွေ ပြသနိုင်မှာပါ''ဟု ပိုပေါ့ဗ် က ပြောကြားသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် အာရှ ယူ-၂၃ ပြိုင်ပွဲ နှင့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အ ထောက်အကူဖြစ်စေရန် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ယခုနှစ်တွင် စတင် ကျင်းပခြင်းဖြစ်သည်။
AFF သည် ယင်းပြိုင်ပွဲကို နှစ်စဉ်ကျင်းပရန် ရည် ရွယ်ထားပြီး ကမ္ဘောဒီးယားဘောလုံး အဖွဲ့ချုပ်က ကျင်းပခွင့်ရရန် တောင်း ဆိုခဲ့ခြင်းဖြစ်သည်။
အာဆီယံ ယူ-၂၂ ပြိုင်ပွဲမှာ ယခုနှစ်တွင် ပထမဆုံး ကျင်းပသည့် အာဆီယံအဆင့်ပြိုင်ပွဲ လည်းဖြစ်သည်။