နိုင်ပွဲထပ်ပျောက်တဲ့ နာပိုလီ

နိုင်ပွဲထပ်ပျောက်တဲ့ နာပိုလီ
Photos : AFP
Photos : AFP
Published 18 February 2019

နာပိုလီအသင်းဟာ စီးရီးအေ(၂)ပွဲဆက်နိုင်ပွဲပျောက်ခဲ့လို့ ထိပ်ဆုံးက ဂျူဗင်တပ်စ်အသင်းနဲ့ (၁၃)မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

နာပိုလီအနေနဲ့ စီးရီးအေနောက်ဆုံး(၄)ပွဲမှာ (၁)ပွဲသာနိုင်ကာ (၃)ပွဲသရေကျခဲ့ပြီး အဲဒီ(၃)ပွဲစလုံးက ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ အသင်းတွေထဲမှာ အင်တာမီလန်အသင်းက အိမ်ကွင်းမှာ နိုင်ပွဲဆက်ဖို့ အသည်းအသန်ကစားခဲ့ရပါတယ်။

လာဇီယိုကတော့ အဝေးကွင်းမှာ ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ယနေ့ကစားသည့် ပွဲစဉ်ရလဒ်များ

FA ဖလားပဥ္စမအဆင့်

ဘရစ္စတိုးလ်စီးတီး ၀ - ၁ ဝုလ်ဗ်

ဒွန်ကက်စတာ ၀ - ၂ ခရစ္စတယ်ပဲလေ့စ်

ဆွမ်ဆီး ၄ - ၁ ဘရန့်ဖို့ဒ်

လာလီဂါ

ရီးယဲလ်မက်ဒရစ် ၁ - ၂ ဟီရိုနာ

ဗလင်စီယာ ၀ - ၀ အက်စ်ပန်ညို

ဗီလာရီးယဲလ် ၃ - ၀ ဆီဗီလာ

ဘက်တစ် ၁ - ၁ အလာဗတ်စ်

စီးရီးအေ

SPAL ၁-၄ ဖီအိုရင်တီးနား

အူဒီးနီးစ် ၁ - ၀ ချီယေဗို

ဂျီနိုအာ ၂ - ၁ လာဇီယို

အမ်ပိုလီ ၃ - ၀ ဆာဆူအိုလို

အင်တာမီလန် ၂ - ၁ ဆမ်ဒိုးရီးယား

နာပိုလီ ၀ - ၀ တိုရီနို

ဘွန်ဒစ်လီဂါ

ဖရန့်ဖတ် ၁ - ၁ မိုချန်ဂလာဘတ်

လေဗာကူဆင် ၂ - ၀ ဒစ်ဆယ်ဒေါ့ဖ်

ပြင်သစ်လီဂူး

ဘော်ဒိုး ၂ - ၁ တူးလူး

ကိန်း ၀ - ၀ စထရာဘိုး

လိုင်လီ ၀ - ၀ မောင့်ပယ်လီယာ

Reims ၂ - ၀ ရန်းစ်

စိန့်အက်တီယန် ၀ - ၁ PSG

လိဂ်ချန်ပီယံရှစ်

ဘလက်ဘန်း ၀-၁ မစ်ဒယ်ဘရော့

 

 

 

 

 

 

 

Most Read

Most Recent