၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲကျင်းပခွင့်ရရန် ကြိုးပမ်းမှုတွင် အာဂျင်တီးနား၊ ပါရာဂွေး၊ ဥရုဂွေးတို့နှင့်အတူ ချီလီ ပူးပေါင်းပါဝင်လာ

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲကျင်းပခွင့်ရရန် ကြိုးပမ်းမှုတွင် အာဂျင်တီးနား၊ ပါရာဂွေး၊ ဥရုဂွေးတို့နှင့်အတူ ချီလီ ပူးပေါင်းပါဝင်လာ
Photos: Getty Images
Photos: Getty Images
Published 16 February 2019

၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲကျင်းပခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ဖြစ်သောကြောင့် ပထမအကြိမ် ၁၉၃၀ ပြည့်နှစ်ပြိုင်ပွဲအား ကျင်းပခဲ့သည့် ဥရုဂွေးက အိမ်နီးချင်း အာဂျင်တီးနားနှင့် ပူးတွဲကျင်းပ ခွင့်ရရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် ကတည်းက ကြေညာခဲ့သည်။

၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအား ပူးတွဲကျင်းပခွင့်ရရန် ကြိုးပမ်းမှုတွင် အာဂျင်တီးနား၊ ပါရာဂွေး၊ ဥရုဂွေးတို့နှင့်အတူ ချီလီနိုင်ငံလည်း ပူးပေါင်းပါဝင်လာပြီဖြစ်ကြောင်း သိရသည်။

၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲကျင်းပခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ဖြစ်သောကြောင့် ပထမအကြိမ် ၁၉၃၀ ပြည့်နှစ်ပြိုင်ပွဲအား ကျင်းပခဲ့သည့် ဥရုဂွေးက အိမ်နီးချင်း အာဂျင်တီးနားနှင့် ပူးတွဲကျင်းပ ခွင့်ရရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် ကတည်းက ကြေညာခဲ့သည်။

၂၀၁၈ ခုနှစ် တွင် ၎င်းတို့နှင့်အတူ ပါရာဂွေး ထပ်မံပါဝင်လာပြီး ချီလီနိုင်ငံသမ္မတ ဆီဘက်စတီယန်ပီနဲရာက မိမိတို့လည်း ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ကျောင်းဆရာဟောင်းဖြစ်သူ ပီနဲရာသည် စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာ သူဌေးတစ်ဦးဖြစ်ပြီး ယခင်က ဘောလုံးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများမရှိသော်လည်း ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရေး ကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။

၎င်းတို့လေးနိုင်ငံအနက် ဥရု ဂွေးက ၁၉၃၀ ပြည့်နှစ်ပြိုင်ပွဲ၊ အာဂျင်တီးနား က ၁၉၇၈ ခုနှစ်ပြိုင်ပွဲ၊ ချီလီက ၁၉၆၂ ခုနှစ် ပြိုင်ပွဲများကို လက်ခံကျင်းပဖူးပြီး ပါရာဂွေးမှာမူ တစ်ကြိမ်မျှ ကျင်းပခဲ့ဖူးခြင်းမရှိကြောင်း သိရသည်။



    

၂၀၂၆ ခုနှစ်ပြိုင်ပွဲကို အမေရိကန်၊ မက္က ဆီကိုနှင့် ကနေဒါ သုံးနိုင်ငံက ပူးတွဲကျင်းပ ခွင့်ရထားပြီး ပထမဆုံးအကြိမ် သုံးနိုင်ငံပူးတွဲ ကျင်းပမည့်ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ထားသည်။

ထို့ကြောင့် ၂၀၃၀ ပြည့်နှစ်ပြိုင်ပွဲတွင် စံချိန်သစ်ထပ်မံရေးထိုးနိုင်ရန် လေးနိုင်ငံ ပူးတွဲကြိုးပမ်းခြင်းဖြစ်ပြီး ဥရောပမှ ဂရိ၊ ဘူလ် ဂေးရီးယား၊ ဆားဘီးယားနှင့် ရိုမေးနီးယား တို့ လေးနိုင်ငံပူးတွဲကြိုးပမ်းမည့်အပြင် စပိန် နှင့် ပေါ်တူဂီကလည်း အာဖရိကမှ မော်ရိုကို နှင့် ပူးတွဲကျင်းပရန် စီစဉ်နေကြောင်း သိရ သည်။

Most Read

Most Recent