FA ဖလား ပဥ္စမအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

FA ဖလား ပဥ္စမအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 16 February 2019

ဘရိုက်တန် နှင့် ဒါဘီ (စနေည ရးဝ၀ နာရီ)

ဘရိုက်တန်က ဒီပြိုင်ပွဲမှာ ပွဲကျပ်တွေဆက်တိုက်ကစားခဲ့ရတယ်။ ဘုန်းမောက်ကို အဝေးကွင်းမှာ (၁-၃)ဂိုးနဲ့အနိုင်ရခဲ့သလို၊ ပြီးခဲ့တဲ့အဆင့်မှာလည်း ဝက်စ်ဘရွန်းကို အိမ်ကွင်းသရေ၊ အဝေးကွင်းမှာ အချိန်ပိုရောက်မှ (၁-၃)ဂိုးနဲ့နိုင်ပြီး နောက်တစ်ဆင့်တက်ခဲ့တယ်။ လမ်းပတ်ရဲ့ဒါဘီအသင်းကလည်း ဒီရာသီ လိဂ်ဖလားမှာ မန်ယူကိုကျော်၊ ချယ်လ်ဆီးကို (၂-၃)နဲ့ကပ်ရှုံး၊ FA ဖလားမှာ ဆောက်သမ်တန်နဲ့ အက်ကရင်တန်တို့ကို ကျော်လာခဲ့တဲ့အသင်းပါ။ ပွဲကျပ်တစ်ပွဲဖြစ်ပြီး သရေကျနိုင်တယ်။

ဝင်ဘယ်လ်ဒန် နှင့် မီဝေါလ် (စနေည ၉း၃၀ နာရီ)

League One လိုအဆင့်မျိုးမှာ အမှတ်ပေးဇယားအောက်ခြေရောက်နေတဲ့ ဝင်ဘယ်လ်ဒန်က ပြီးခဲ့တဲ့အဆင့်မှာ ပရီးမီးယားလိဂ်က ဝက်စ်ဟမ်းလိုအသင်းမျိုးကို (၄-၂)ဂိုးနဲ့နိုင်ပြီး ကျော်ဖြတ်လာတာ အံ့အားသင့်စရာပါ။ ဒီပွဲမှာလည်း လိဂ်ချန်ပီယံရှစ်ကလပ် မီဝေါလ်ကို အိမ်ကွင်းမှာ ဒုက္ခပေးနိုင်ဖို့ ကြိုးစားလိမ့်မယ်။  ဒါပေမဲ့ မီဝေါလ်က အိမ်ကွင်းမှာ အဲဗာတန်ကို နိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ဝင်ဘယ်လ်ဒန်ထက် ပိုတောင့်တင်းတဲ့အသင်းပါ။ မီဝေါလ်ကို ပိုကြိုက်တယ်။

နယူးပို့တ် နှင့် မန်စီးတီး (စနေည ၁၂းဝ၀ နာရီ)

မန်စီးတီးက နောက်ဆုံးပွဲတွေမှာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ အဲဗာတန်၊ ချယ်လ်ဆီးတို့ကို ဆက်တိုက်နိုင်ခဲ့ပြီး (၃)ပွဲမှာ (၁၁)ဂိုးသွင်းခဲ့တယ်။ FA ဖလားမှာလည်း ပြီးခဲ့တဲ့နှစ်ပွဲ မှာ (၁၂)ဂိုးသွင်းပြီး ပေးဂိုးမရှိခဲ့ဘူး။ နယူးပို့တ်လို League Two အသင်းမျိုးကို မန်စီးတီး ဂိုးပြတ်သွင်းဖို့ဆိုတာ အခက်အခဲလုံးဝမရှိတဲ့အနေအထားလို့ ပြောလို့ရတယ်။ အနည်းဆုံးတော့ (၃)ဂိုး လောက်သွင်းလိမ့်မယ်ထင်တယ်။

 

Most Read

Most Recent