လူကာယိုဗစ်ကိုခေါ်ယူရန် ဘာစီလိုနာ သဘောတူညီမှုရရှိထားပြီဟု သတင်းထွက်

လူကာယိုဗစ်ကိုခေါ်ယူရန် ဘာစီလိုနာ သဘောတူညီမှုရရှိထားပြီဟု သတင်းထွက်
Published 12 February 2019

ဘာစီလိုနာအသင်းသည် အသက်အရွယ်ရလာပြီဖြစ်သည့် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏နေရာကို ရေရှည်အစားထိုးရန် တိုက်စစ်မှူးအသစ် ရှာဖွေနေရာ ဖရန့်ဖတ်အသင်းမှ ဆားဘီးယားတိုက်စစ်မှူး လူကာယိုဗစ်ကို ခေါ်ယူရန်သဘောတူညီမှု ရရှိခဲ့ပြီဟု ဂျာမန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ဖရန့်ဖတ်အခြေစိုက် Frankfurter Allgemeine Zeitung(FAZ)သတင်းစာက ယိုဗစ်၏အေးဂျင့်နှင့် ဘာစီလိုနာအသင်းတို့ အပြောင်းအရွှေ့အတွက် တွေ့ဆုံဆွေးနွေးပြီးဖြစ်သည်ဟု အတိအလင်းရေးသားခဲ့သည်။ 

င်္င်္FAZ၏သတင်းတွင် ယိုဗစ်ကိုခေါ်ယူရန် ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်နှင့် ချယ်လ်ဆီးအသင်းများကလည်း ပစ်မှတ်ထားလျက်ရှိကြောင်း ဖော်ပြခဲ့သည်။

အသက် (၂၁)နှစ်သာရှိသေးသည့် လူကာယိုဗစ်သည် ဘင်ဖီကာအသင်းမှ ဖရန့်ဖတ်အသင်းသို့ အငှားချ ခံထားရသူဖြစ်ပြီး ယခုရာသီ ဘွန်ဒစ်လီဂါတွင် (၁၄)ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူထားသူဖြစ်သည်။ 

ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေးယူရိုသန်း(၅၀)ဖြင့် သဘောတူညီမှုရထားခြင်းဖြစ်သည်ဟု သိရှိရသည်။

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီအတွက် ပြင်ဆင်မှုများကို စောစီးစွာပြုလုပ်နေပြီး အေဂျက်စ်အသင်းမှ ဒတ်ချ်လူငယ်ကွင်းလယ်လူ ဖရန်ကီဒီယွန်းကို ယူရို(၇၅)သန်းဝန်းကျင်ဖြင့် ခေါ်ယူထားပြီးဖြစ်သည်။

Most Read

Most Recent