ချင်းရိုင်နှင့်ပွဲမှာ ခက်ခဲမည်ဖြစ်သော်လည်း အကောင်းဆုံးရလဒ်အတွက် ကြိုးစားမည်ဟု ရန်ကုန်နည်းပြချုပ် ပြောကြား

ချင်းရိုင်နှင့်ပွဲမှာ ခက်ခဲမည်ဖြစ်သော်လည်း အကောင်းဆုံးရလဒ်အတွက် ကြိုးစားမည်ဟု ရန်ကုန်နည်းပြချုပ် ပြောကြား
Photos : YUFC
Photos : YUFC
Published 12 February 2019

ရန်ကုန်ယူနိုက်တက်အသင်းသည် ယင်းပွဲယှဉ်ပြိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး ကစားသမား ၁၈ ဦး ခေါ်ဆောင်သွားသည်။ 

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်ပွဲမှာ အဝေးကွင်းဖြစ်၍ ခက်ခဲမည်ဖြစ်သော်လည်း အကောင်းဆုံးရလဒ်အတွက် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပွဲကြိုသတင်း စာရှင်းလင်းပွဲ၌ ပြောကြားသည်။

ရန်ကုန်ယူနိုက်တက်နှင့် ချင်းရိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက ဆင်းဂါးကွင်း၏ သတင်း ထုတ်ပြန်ရေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ယင်းအခမ်းအနားတွင် ဦးမျိုးမင်းထွန်း က ''ကျွန်တော်တို့အသင်းအတွက် အဝေးကွင်းဖြစ်တာကြောင့် ဒီပွဲက ခက်ခဲမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ မြန်မာကလပ်အသင်း တွေ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်တယ်ဆိုတာ သူတို့ကိုသိစေချင်ပါတယ်။ အဲဒီအတွက် အကောင်းဆုံးရလဒ်ရရှိဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ''ဟု ပြောကြားသည်။ 

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၉ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် ချင်းရိုင်ယူနိုက်တက်အသင်း နှင့် ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။ 

ရန်ကုန်ယူနိုက်တက်အသင်းသည် ယင်းပွဲယှဉ်ပြိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး ကစားသမား ၁၈ ဦး ခေါ်ဆောင်သွားသည်။ 

ရန်ကုန်အသင်းသည် အကြိုခြေစစ်ပွဲ ပထမအဆင့်တွင်လည်း အဝေးကွင်းအဖြစ် ဖိလစ်ပိုင်နိုင်ငံသို့သွား ရောက်ယှဉ်ပြိုင်ကစားရာ ဆီရက်စ်အသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

Most Read

Most Recent