ပရီးမီးယားလိဂ်ပွဲစဉ် နှင့် စပိန်လာလီဂါပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် နှင့် စပိန်လာလီဂါပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 11 February 2019

ဝုလ်ဗ် နှင့်နယူးကာဆယ် (အင်္ဂါနံနက် ၂း၃၀ နာရီ)

ဝုလ်ဗ်က အဆင့် (၇) နေရာမှာ ရပ်တည်နေပြီး ဒီပွဲမှာ ပရီးမီးယားလိဂ်(၄)ပွဲဆက် နိုင်ပွဲယူဖို့ ကြိုးစားပါလိမ့်မယ်။ တိုက်စစ်ပိုင်းမှာ မက္ကဆီကိုလက်ရွေးစင်တိုက်စစ်မှူး ဟီမင်နက်ဇ်က Unstoppable Moment ကို ရောက်ရှိနေပြီး ဂိုးတွေလည်း ဆက်တိုက်သွင်းနေတယ်။ နယူးကာဆယ်က ခြေတက်လာတယ်လို့ ပြောလို့ရပေမယ့် ဝုလ်ဗ်ကွင်းမှာတော့ မလွယ်ပါဘူး။ ဝုလ်ဗ် (၂-၁)လောက်နဲ့ အနိုင်ရသွားလိမ့်မယ်။

အလာဗတ်စ် နှင့်လီဗန်တေး (အင်္ဂါနံနက် ၂း၃၀ နာရီ)

ဒဏ်ရာပြဿနာတွေကြောင့် အလာဗတ်စ်တို့ အိမ်ကွင်းပွဲ တွေမှာတောင် ရုန်းကန်နေရတယ်။ တိုက်စစ်ပိုင်းလည်း အတော်လေး အားလျော့နေတယ်။ ဒါပေမဲ့ လီဗန်တေးကလည်း အခု နောက်ပိုင်း ကစားအားလျော့နေလို့ သရေပွဲလို့ပဲထင်တယ်။

 

Most Read

Most Recent