အဆင့် (၄) နေရာအတွက် မန်ယူနှင့်ချယ်လ်ဆီးက မိမိတို့ထက် အခြေအနေပိုကောင်းကြောင်း အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဝန်ခံ

အဆင့် (၄) နေရာအတွက် မန်ယူနှင့်ချယ်လ်ဆီးက မိမိတို့ထက် အခြေအနေပိုကောင်းကြောင်း အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 9 February 2019

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက ယခုရာသီပရီးမီးယားလိဂ်အဆင့် (၄) နေရာအတွက် မန်ယူနှင့် ချယ်လ်ဆီးတို့က မိမိတို့အသင်းထက် အခြေအနေပိုကောင်းကြောင်း ဝန်ခံပြောကြားခဲ့သည်။

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ထိပ်ဆုံး (၃) နေရာ၌ မန်စီးတီး၊ လီဗာပူးလ်၊ စပါးအသင်းတို့က အစဉ်လိုက်ရပ်တည်နေကြပြီး အဆင့် (၄) နေရာအတွက်သာ မန်ယူ၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့ အပြိုင်လုရဖွယ်ရှိနေသည်။

ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့သည့် မန်ယူအသင်းသည် ရမှတ် (၅၁) မှတ်ဖြင့် အဆင့် (၄)နေရာတွင် ရပ်တည်နေပြီး ချယ်လ်ဆီးအသင်းက ရမှတ် (၅၀) ဖြင့်အဆင့် (၅)၊ အာဆင်နယ်အသင်းက (၄၇) မှတ်ဖြင့်အဆင့် (၆) နေရာတွင် ရပ်တည်လျက်ရှိသည်။

အမ်မရီက '' လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်အဆင့် (၄) နေရာအတွက် မန်ယူနဲ့ ချယ်လ်ဆီးတို့က ကျွန်တော်တို့ထက် အခြေအနေပိုကောင်းပါတယ်။ လက်ရှိမှာ ကျွန်တော်တို့အသင်းက အဆင့် (၆) နေရာမှာရှိနေပါတယ်။ ဒါက အမှန်တရားပါ။ မန်ယူနဲ့ ချယ်လ်ဆီးတို့ဟာ ကျွန်တော်တို့ထက် ပိုကောင်းတဲ့အသင်းတွေဖြစ်ပါတယ်။ ဒါကြောင့် အဆင့် (၄) နေရာအတွက် သူတို့က ပိုအားသာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ရာသီကုန်ချိန်အထိ ပွဲစဉ်တိုင်းကိုအာရုံစူးစိုက်မှုအပြည့်နဲ့ တည်ငြိမ်စွာကစားသွားမှာပါ။ အခုအချိန်မှာ မန်စီးတီး၊ လီဗာပူးလ်၊ စပါးတို့က ကျွန်တော်တို့ (၃) သင်းနဲ့ တစ်ဆင့်ကွာနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ရာသီကုန်မှာ အဆင့် (၄) နေရာရဖို့တော့မျှော်လင့်ထားပါတယ်'' ဟုပြောကြားသွားခဲ့သည်။

Most Read

Most Recent