LAဂလက်ဆီကွင်းတွင် ဒေးဗစ်ဘက်ခမ်ရုပ်တု ထားရှိမည်

LAဂလက်ဆီကွင်းတွင် ဒေးဗစ်ဘက်ခမ်ရုပ်တု ထားရှိမည်
Published 9 February 2019

ရီးယဲလ်မက်ဒရစ်၊ အေစီမီလန်နှင့် PSG အသင်းများတွင်လည်း ကစားခဲ့ဖူးသူ ဘက်ခမ်သည် ၂၀၀၇ ခုနှစ်တွင် LA Galaxy အသင်းသို့ ရောက်ရှိလာပြီး (၆)နှစ်ကြာကစားခဲ့သည်။

မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်းက အသင်းကစားသမားဟောင်းဖြစ်သည့် နာမည်ကျော် ဒေးဗစ်ဘက်ခမ်၏ရုပ်တုကို အိမ်ကွင်းတွင်ထားရှိသွားမည်ဟု အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

အင်္ဂလန်လက်ရွေးစင်နှင့် မန်ယူကွင်းလယ်လူဟောင်းဖြစ်သူ ဘက်ခမ်၏ရုပ်တုထားရှိမှုကို မေလ(၂)ရက်တွင်ကစားမည့် ၂၀၁၉ မေဂျာလိဂ်ပြိုင်ပွဲရာသီအဖွင့်ပွဲမကစားမီ အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်၊ အေစီမီလန်နှင့် PSG အသင်းများတွင်လည်း ကစားခဲ့ဖူးသူ ဘက်ခမ်သည် ၂၀၀၇ ခုနှစ်တွင် LA Galaxy အသင်းသို့ ရောက်ရှိလာပြီး (၆)နှစ်ကြာကစားခဲ့သည်။

၂၀၁၁၊ ၂၀၁၂ ပြိုင်ပွဲများတွင် အသင်းနှင့်အတူ မေဂျာလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး အမေရိကတွင် ဘောလုံးအားကစားနည်းကို လူစိတ်ဝင်စားမှုမြင့်တက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

(၄၃)နှစ်အရွယ်ရှိ ၎င်းသည် လက်ရှိတွင် အင်တာမိုင်ယာမီအမည်ရှိ မေဂျာလိဂ်အသင်းသစ်ကို ပူးတွဲတည်ထောင်ထားပြီး လာမည့် ၂၀၂၀ ပြည့်နှစ်မှစကာ ပြိုင်ပွဲစတင်ယှဉ်ပြိုင်မည်ဖြစ်သည်။