ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် အခွန်စည်းကြပ်မှု ခံယူနေသည့် အခွန်ထမ်းဦးရေ ၈၅၇၂၁၃ ဦးရှိကြောင်းသိရ

ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် အခွန်စည်းကြပ်မှု ခံယူနေသည့် အခွန်ထမ်းဦးရေ ၈၅၇၂၁၃ ဦးရှိကြောင်းသိရ
ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ်
ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ်
Published 2 February 2019
စိုးမင်းထိုက်

ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် အခွန်စည်းကြပ်မှု ခံယူနေသည့် အခွန်ထမ်းဦးရေမှာ ၈၅၇၂၁၃ ဦးရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ အခွန်ရငွေစာရင်းများနှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ကုန်သွယ်လုပ်ငန်းခွန်တွင် ကုမ္ပဏီများ မှ ၂၁၁၆၀၊ အထူးကုန်စည်ခွန်တွင် ၁၃၄၃ ဦး၊ ဝင်ငွေခွန်တွင် ၃၆၀၀၅ ဦးရှိကြောင်း၊ အခွန်ထမ်းကြီးများနှင့် အလယ်အလတ် အခွန်ထမ်းဆိုင်ရာ အခွန်ရုံးများတွင် အခွန်ထမ်း ဦးရေသည် ကုန်သွယ်လုပ်ငန်းခွန်တွင် ၁၈၅၃၁ ဦး၊ အထူးကုန်စည်ခွန်တွင် ၁၀၈၂ ဦး၊ ဝင်ငွေခွန်တွင် ၃၀၃၃၁ ဦး၊ သက်ဆိုင်ရာ မြို့နယ်များတွင်သာ အခွန်ထမ်းဦးရေတွင် ကုန်သွယ်လုပ်ငန်းခွန်၌ ၂၆၂၉ ဦး၊ အထူး ကုန်စည်ခွန်တွင် ၂၆၁ ဦး၊ ဝင်ငွေခွန်တွင် ၅၆၇၄ ဦးရှိကြောင်း ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

နိုင်ငံပိုင်နှင့် သမပိုင် အဖွဲ့အစည်းများမှ ကုန်သွယ်လုပ်ငန်းခွန် ၂၈၃ ဦး၊ အထူးကုန်စည်ခွန်တွင် ၄၃ ဦး၊ ဝင်ငွေခွန်တွင် ၂၅၀၅ ဦး၊ အခွန်ထမ်းကြီးများနှင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးတွင် အခွန်ထမ်း ဦးရေသည် ကုန်သွယ်လုပ်ငန်းခွန်တွင် ၁၁ ဦး၊ အထူးကုန်စည်ခွန်တွင် သုံးဦး၊ ဝင်ငွေခွန်တွင် ၁၆ ဦး၊ သက်ဆိုင်ရာ မြို့နယ်များတွင်သာ အခွန်ထမ်းဦးရေသည် ကုန်သွယ်လုပ်ငန်းခွန်တွင် ၂၇၂ ဦး၊ အထူးကုန်စည်ခွန်တွင် ၄၀ ဦး၊ ဝင်ငွေခွန်တွင် ၂၄၈၉ ဦး၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် လူပုဂ္ဂိုလ်/လုပ်ငန်း စသည်ဖြင့် အခွန်ထမ်း ဦးရေမှာ ကုန်သွယ်လုပ်ငန်းခွန်တွင် ၁၇၇၅၇၇ ဦး၊ အထူးကုန်စည်ခွန်တွင် ၃၂၃၅ ဦး၊ ဝင်ငွေခွန်တွင် ၆၁၅၀၆၂ ဦးရှိကြောင်း၊ ထို့အတွက် စုစုပေါင်း အခွန်ထမ်းဦးရေသည် ကုန်သွယ်လုပ်ငန်းခွန်တွင် ၁၉၉၀၂၀၊ အထူးကုန်စည်ခွန်တွင် ၄၆၂၁ ဦး၊ ဝင်ငွေခွန်တွင် ၆၅၃၅၇၂ ဦး ရှိကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

ထို့ပြင် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ နှစ်အဆက်ဆက် လက်ကျန်ဖြစ်ပေါ်နေသည့် အခွန်ကြွေးကျန်များအနက် ၂၀၁၈ ခုနှစ် ခြောက်လအတွင်း ကောက်ခံရရှိမှုအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကဏ္ဍတွင် ကောက်ခံရန် အခွန်ကြွေးမှာ ကျပ် ၅၈၉၇၁ ဒသမ ၄၉၃ သန်းရှိပြီး ကောက်ခံရရှိမှုမှာ ကျပ် ၁၁၈၀၁ ဒသမ ၆၁၈ သန်း ဖြစ်ကာ ကျန်ရှိအခွန်ကြွေးမှာ ကျပ် ၄၇၁၆၉ ဒသမ ၈၇၅ သန်း ဖြစ်ကြောင်း၊ အထူးကုန်စည်ခွန်တွင် ကောက်ခံရန် အခွန်ကြွေးမှာ ကျပ် ၉၁၇ ဒသမ ၂၃၀ သန်းဖြစ်ပြီး ကောက်ခံရရှိမှုမှာ ကျပ် ၂၇ ဒသမ ၇၁၄ သန်းဖြစ်၍ ကျန်ရှိအခွန်ကြွေးမှာ ကျပ် ၈၈၉ ဒသမ ၅၁၆ သန်း ဖြစ်ကြောင်း၊ ဝင်ငွေခွန်တွင် ကောက်ခံရန် အခွန်ကြွေးမှ ကျပ် ၄၉၂၀၅ ဒသမ ၀၉၂ သန်းဖြစ်ပြီး ကောက်ခံရရှိမှုမှာ ကျပ် ၁၀၀၁၈ ဒသမ၂၀၄ သန်းဖြစ်၍ ကျန်ရှိအခွန်ကြွေးမှာ ကျပ် ၃၉၁၈၆ ဒသမ ၈၈၈ သန်းဖြစ်ကြောင်း၊ FEC/ အမေရိကန်ဒေါ်လာ ကောက်ခံရန်အခွန်ကြွေးမှာ ၂ ဒသမ ၉၁၅သန်း၊ Euro ၂ ဒသမ ၃၃၁သန်း၊ အမြတ်ခွန်တွင် ကောက်ခံရန် အခွန်ကြွေးမှာ ကျပ် ၅၀၆၁ ဒသမ ၇၉၆ သန်း၊ ကောက်ခံရရှိမှုမှာ ကျပ် ၁၇ ဒသမ ၄၇၅ သန်း၊ ကျန်ရှိအခွန်ကြွေးမှာ ကျပ် ၅၀၄၄ ဒသမ ၃၂၁ သန်းဖြစ်ကြောင်း၊ ထို့အတွက် ကျပ်ငွေအားဖြင့် ကောက်ခံရန် အခွန်ကြွေးမှာ ကျပ် ၁၁၄၁၅၅ ဒသမ ၆၁၁ သန်း၊ ကောက်ခံရရှိမှုမှာ ကျပ် ၂၁၈၆၅ ဒသမ ၀၁၁ သန်းဖြစ်၍ ကျန်ရှိအခွန်ကြွေးမှာ ကျပ် ၉၂၂၉၀ ဒသမ ၆၀၀ သန်း ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။                      

 

Most Read

Most Recent