ဂိုးပြတ်ရှုံးပွဲနဲ့ ကိုပါအီတာလီယာပြိုင်ပွဲက ထွက်ခဲ့ရတဲ့ ဂျူဗင်တပ်စ်

ဂိုးပြတ်ရှုံးပွဲနဲ့ ကိုပါအီတာလီယာပြိုင်ပွဲက ထွက်ခဲ့ရတဲ့ ဂျူဗင်တပ်စ်
Photos: AFP
Photos: AFP
Published 31 January 2019



ကိုပါအီတာလီယာဖလားကွာတားဖိုင််နယ်ပွဲစဉ်တွေမှာတော့ လက်ရှိချန်ပီယံဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်လ်ဒို၊ ဒီဘားလား၊ ဘာနာဒက်ခီ စတဲ့အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမယ့် အတ္တလန်တာကို (၃-၀)နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ 

အတ္တလန်တာအသင်းအတွက် ခြေစွမ်းပြခဲ့သူကတော့ တိုက်စစ်မှူး ဇာပါတာဖြစ်ပြီး (၂)ဂိုးသွင်းယူပေးခဲ့ကာ နိုင်ပွဲအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပါတယ်။

နောက်ပွဲစဉ်တစ်ပွဲမှာတော့ ရိုးမားအသင်းဟာ ဖီအိုရင်တီးနားကို (၁-၇)ဂိုးနဲ့အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ 

ဒီပွဲမှာ ရိုးမားအသင်းတိုက်စစ်မှူး ဂျက်ကို ထုတ်ပယ်ခံခဲ့ရပြီး ချီယေဆာက ဟက်ထရစ်၊ ဆီမြွန်နီက (၂)ဂိုးသွင်းယူကာ ဖီအိုရင်တီးနားအသင်းအတွက် ခြေစွမ်းပြခဲ့ပါတယ်။ 

 

 

 

 

 

စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ်(ဒု-ကျော့)ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းဟာ ပထမအကျော့မှာ ဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့် ဒီပွဲမှာ မက်ဆီ၊ ဆွာရက်ဇ်၊ ကော်တင်ဟိုစတဲ့ကစားသမားတွေအပါအဝင် လူစုံပွဲထွက်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဆီဗီလာကိုဖိအားပေးကစားနိုင်ခဲ့ပြီး ကော်တင်ဟိုက (၂)ဂိုးသွင်းယူကာ  ခြေစွမ်းခဲ့သလို ဆွာရက်ဇ်၊ မက်ဆီ၊ ရာကီတစ်၊ ဆာဂျီရောဘတ်တိုတို့က ဂိုးတွေသွင်းယူခဲ့ကြပြီး (၆-၁)ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ယူကာ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပါတယ်။ 

စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ်(ဒုကျော့)

ဘက်တစ်    ၃ - ၁    အက်စ်ပန်ညို

(မိနစ် ၉၀ ၁-၁၊ နှစ်ကျော့ပေါင်းရလဒ် ၄-၂ ဖြင့် ဘက်တစ်နိုင်)

ဘာစီလိုနာ    ၆ - ၁    ဆီဗီလာ

(နှစ်ကျော့ပေါင်းရလဒ် ၆- ၃ ဖြင့် ဘာစီလိုနာနိုင်) 

ကိုပါအီတာလီယာကွာတားဖိုင်နယ် 

ဖီအိုရင်တီးနား    ၇ - ၁    ရိုးမား

အတ္တလန်တာ    ၃ - ၀    ဂျူဗင်တပ်စ်

ပြင်သစ်လီဂူး

နန့်စ်    ၁ - ၁     စိန့်အက်တီယန်

ပြင်သစ်လိဂ်ဖလားဆီမီးဖိုင်နယ်

စထရာဘိုး     ၃- ၂     ဘော်ဒိုး

Most Read

Most Recent