နေမာသည် စထရာဘိုးအသင်းနှင့်ကစားသည့် ပြင်သစ်ဖလားပွဲစဉ်၌ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ယာဘက်ခြေထောက်ရှိ ငါး ချောင်းမြောက် (ခြေသန်း) အရိုး ထိခိုက်မိခြင်း ဖြစ်ကြောင်း PSG အသင်းက အတည်ပြု ထုတ်ပြန်ထားသည်။
PSG အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ခြေဖဝါးအရိုးဒဏ်ရာ ပြန်လည်ထိခိုက်မိခဲ့သည့် တိုက်စစ်မှူး နေမာအနေဖြင့် မန်ယူအသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲ၌ပါဝင်ကစားရန် အလွန်ခက်ခဲနိုင်ကြောင်း ဝန်ခံပြောကြားသည်။
နေမာသည် စထရာဘိုးအသင်းနှင့်ကစားသည့် ပြင်သစ်ဖလားပွဲစဉ်၌ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ယာဘက်ခြေထောက်ရှိ ငါး ချောင်းမြောက် (ခြေသန်း) အရိုး ထိခိုက်မိခြင်း ဖြစ်ကြောင်း PSG အသင်းက အတည်ပြု ထုတ်ပြန်ထားသည်။
၎င်း၏ဒဏ်ရာအခြေ အနေနှင့် အနားယူရမည့်ကာလကို ထုတ်ပြန် ခြင်းမရှိသေးသော်လည်း ပြင်သစ်အခြေစိုက် Le Parisien သတင်းစာက နေမာသည် ငါးချောင်းမြောက် ခြေချောင်းအရိုးဆံခြည်မျှင် ပမာဏမျှ ကျိုးသွားခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်တွင် ဖော်ပြရာ တူဟယ်လ်က ယင်းကဲ့သို့ တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။
ရန်းစ်အသင်းနှင့်ပွဲအပြီး Canal+ ရုပ်သံဌာနနှင့်တွေ့ဆုံစဉ် တူဟယ်လ်က ''အဲဒီပွဲ (ချန်ပီယံ လိဂ်) မှာ သူကစားနိုင်ဖို့ဆိုတာ တော်တော် လေး ခက်လိမ့်မယ်။ စနေနေ့တုန်းက ကျွန် တော်ပြောခဲ့သလိုပါပဲ။ သူပြန်ကစားနိုင်မယ့် ရက်ကိုပြောဖို့ အရမ်းစောပါသေးတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကုသမှုအပေါ် သူ့ရဲ့တုံ့ပြန် မှု ဘယ်လိုရှိလဲဆိုတာ အတိအကျသိရဖို့ စောင့်ရပါဦးမယ်။ ဆေးစစ်ချက်ရလဒ်ကို ကျွန်တော်အတည်မပြုနိုင်ပါဘူး။ ဒီဒဏ်ရာ နဲ့ပတ်သက်လို့ အစစအရာရာ အသင်းကပဲ ပြောပါလိမ့်မယ်။ အခုလောလောဆယ်တော့ အဖြေကိုစောင့်ဖို့ လိုပါသေးတယ်''ဟု ပြောကြားသည်။
နေမာသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ တွင်ရရှိခဲ့သော ဒဏ်ရာအား ပြန်လည်ထိခိုက် မိခြင်းဖြစ်ပြီး ထိုစဉ်က နှစ်လကျော်ကြာ အနား ယူခဲ့ရသည်။
မန်ယူနှင့် PSG အသင်းတို့၏ ချန်ပီယံလိဂ် ပထမအကျော့ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ကျင်းပ မည်ဖြစ်ရာ ရက်သတ္တပတ်နှစ်ပတ်ဝန်းကျင်သာ ကျန်ရှိတော့သည်။
ထို့ပြင် တူဟယ်လ်က ဇန်နဝါရီအပြောင်းအရွှေ့မပိတ်မီ ဇင်းနစ် အသင်းကွင်းလယ်လူ ပါရီဒက်စ်ကိုခေါ်ယူလို ကြောင်း ဆက်လက်ပြောကြားသည်။