ဘောကောက်ဘဝတွင်ရှိစဉ်ကတည်းက အက်သလက်တီကိုအသင်း၏ ကစားသမားတစ်ဦးဖြစ်လာရန် အိပ်မက်မက်ခဲ့သည်ဟု မိုရာတာ ဆို

ဘောကောက်ဘဝတွင်ရှိစဉ်ကတည်းက အက်သလက်တီကိုအသင်း၏ ကစားသမားတစ်ဦးဖြစ်လာရန် အိပ်မက်မက်ခဲ့သည်ဟု မိုရာတာ ဆို
Photos : Instagram
Photos : Instagram
Published 29 January 2019

ချယ်လ်ဆီးအသင်းမှ အက်သလက်တီကိုအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ သည့် မိုရာတာက ဘောကောက်ဘဝတွင် ရှိ စဉ်ကတည်းက အက်သလက်တီကိုအသင်း ၏ ကစားသမားတစ်ဦးဖြစ်လာရန် အိပ်မက် မက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

မိုရာတာသည် ကလေးဘဝက အက်သလက်တီကိုအသင်းတွင် လူငယ်ကစားသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့သူဖြစ်သလို၊ ဘော ကောက်တစ်ဦးအဖြစ်လည်း လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ 

''ဒီအသင်းရဲ့ကွင်း ထဲကို ကစားသမားတစ်ဦးအနေနဲ့ ဝင်ရောက် ခွင့်ရဖို့ ငယ်ငယ်ကတည်းက ကျွန်တော် အိပ် မက်ခဲ့တာပါ။ ဘောကောက်ကလေးတစ် ယောက်အနေနဲ့ အဖေနဲ့အတူ စောင့်ကြည့် နေခဲ့စဉ်ကတည်းကပါပဲ။ ဒါကြောင့် အခု အက်သလက်တီကိုအသင်းရဲ့ ကစားသမား ဖြစ်လာတာကို ဂုဏ်ယူမိပါတယ်။ အလွန်လည်း ပျော်ရွှင်မိပါတယ်။ အသင်းဖော်အသစ် တွေနဲ့အတူ လေ့ကျင့်ဖို့၊ ပြိုင်ပွဲတွေ ပါဝင်ကစားဖို့ မစောင့်နိုင်တော့လောက်အောင် ဖြစ်နေမိပါတယ်''ဟု မိုရာတာက ပြောကြားခဲ့သည်။ 

အက်သလက်တီကိုအသင်းသည် မိုရာတာကို အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း လာမည့်ရာသီအထိ (၁၈)လစာ ချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

အသက်(၂၆)နှစ်ရှိပြီဖြစ်သည့် မိုရာတာသည် ရီးယဲလ်အသင်းတွင် ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့သော်လည်း ဂျူဗင် တပ်စ်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက်  ပြိုင်ဘက်အသင်းများ၏ စိတ်ဝင်စားခံခဲ့ရပြီး ချယ်လ်ဆီးအသင်းသို့ ပေါင်သန်း(၆၀)ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 

သို့သော် ချယ်လ်ဆီးအသင်းတွင် ခြေစွမ်းပြသနိုင်ခြင်းမရှိသည့်အတွက် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး အပြောင်းအရွှေ့စျေးကွက်အတွင်း ရောက်ရှိခဲ့ ခြင်းဖြစ်သည်။ 

မိုရာတာကို အက်သလက်တီကိုအသင်းသာမက ဘာစီလိုနာနှင့် ဆီဗီလာအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားခဲ့ပြီး အက်သလက်တီကိုအသင်းက ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

အက်သလက်တီကိုအသင်း သည် တိုက်စစ်မှူးများကို မြေတောင်မြှောက်ပေးရာတွင် ထူးချွန်သည့်အသင်းဖြစ်သည့်အပြင် လက်ရှိအချိန်၌ ဒီယေဂိုကော်စတာ၏ ခြေစွမ်းကို အားရခြင်းမရှိသည့်အတွက် မိုရာတာကို ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းလည်းဖြစ်သည်။ 

မိုရာတာက အက်သလက်တီကိုအသင်းအတွက် အစွမ်းရှိသမျှ ပေးဆပ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent