ဖလား(၄)လုံးရယူနိုင်မည်ဆိုသည့် သုံးသပ်မှုများကို ဂွါဒီယိုလာ ငြင်းဆန်

ဖလား(၄)လုံးရယူနိုင်မည်ဆိုသည့် သုံးသပ်မှုများကို ဂွါဒီယိုလာ ငြင်းဆန်
Photo : AFP
Photo : AFP
Published 29 January 2019

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုုလာက ၎င်းင်းတို့အသင်းသည် ယခုရာသီတွင် ဖလား (၄)လုံးအောင်မြင်မှုကို ရယူနိုင်သည်ဆိုသည့် သုံးသပ်မှုများကို ငြင်းဆန်ပယ်ချခဲ့ပြီး မိမိသည် မန်စီးတီးအသင်းကို ဥရောပဘောလုံးလောက၏ ဦးဆောင်အသင်း၊ ထိပ်သီးအသင်းတစ်သင်းအဖြစ်သာ ကြိုးစားတည်ဆောက်နေခြင်းဖြစ်သည်ဟု ပြော ကြားခဲ့သည်။

ဂွါဒီယိုလာက ''ခင်ဗျားတို့က ကျွန်တော့်အသင်းကို အထင်ကြီးကြတဲ့အတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အဲ့ဒီအကြောင်း ပြောလိုက်တိုင်း ကျွန်တော်တို့အသင်း ပြိုင်ပွဲတွေမှာ ရှုံးတော့တာပဲ။ အရေးကြီးတာက ကျွန်တော်တို့အခုရှိနေတာ ဇန်နဝါရီ မှာပါ။ ကျွန်တော်တို့နဲ့ ပြိုင်ဘက်အသင်းကြီးတွေလည်း အများကြီးရှိ ပါတယ်။ နောက်ဆုံး ဆယ်နှစ်လောက်ကို ပြန်ကြည့်ရင် ဥရောပမှာ ဘယ်အသင်းတွေက အကောင်းဆုံးလဲ။ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာတို့ဟာ နောက်ဆုံး (၁၀)နှစ်အတွင်း ဥရောပရဲ့အကောင်း ဆုံးအသင်း (၃)သင်းမဟုတ်ဘူးလား။ ဘာကြောင့်လဲ။ သူတို့ဟာ ရာ သီတိုင်းမှာ ချန်ပီယံဖြစ်တယ်။ ရာသီတိုင်းမှာ ဖလားတွေယူတယ်။ ကျွန်တော်တို့ လိုချင်တဲ့အရာတွေကို သူတို့က ရာသီတိုင်းမှာ ရယူနေ ကြပါတယ်။ ဒီ (၃)သင်းကို ကျွန်တော်ဘာကြောင့်ပြောသလဲဆိုတော့ သူတို့ဟာ အောင်မြင်မှုတွေကို ထပ်ပြီး၊ ထပ်ပြီး ယူနိုင်ကြတဲ့အသင်း တွေဖြစ်လို့ပါ။ ဒါဟာ မန်စီးတီးနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့အိပ်မက် ဖြစ်ပါတယ်။ ဥရောပရဲ့ ထိပ်သီးအသင်းတစ်သင်းအဖြစ် ရေရှည်ရပ် တည်နိုင်ဖို့ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent