မန်ယူနည်းပြ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် လာမည့်ရာသီအတွက်  အသင်းကို ကြိုတင်ပြင်ဆင်နေသည်ဟု ဆိုးလ်ရှား ပြောကြား

မန်ယူနည်းပြ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် လာမည့်ရာသီအတွက်  အသင်းကို ကြိုတင်ပြင်ဆင်နေသည်ဟု ဆိုးလ်ရှား ပြောကြား
Photos : AFP
Photos : AFP
Published 29 January 2019

မန်ယူအသင်း၏ ယာယီနည်းပြဖြစ်သူ ဆိုးလ်ရှားက မိမိသည် လာမည့်ရာသီတွင် မန်ယူအသင်းနည်းပြဖြစ်လာသည်ဖြစ်စေ၊ ဖြစ်မလာသည်ဖြစ်စေ အသင်းကို လာမည့်ရာ သီအတွက်ကြိုတင်ပြင်ဆင်လျက်ရှိသည်ဟု ပြောကြားသွား ခဲ့သည်။

မန်ယူအသင်းသည် စပါးအသင်းနည်းပြ ပိုချက်တီနိုအား ယခုအချိန်အထိ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်သဖြင့် ဆိုးလ်ရှားသည် ရာသီကုန်တွင် သူ၏ ကလပ် မိုလ်ဒီအသင်း ထံ ပြန်ရန်စီစဉ်နေသည်ဆိုသည့်သတင်းများလည်း ထွက်ပေါ်နေပြီး ဆိုးလ်ရှားကလည်း သူသည် မန်ယူအသင်းတွင် ဆက်ရှိ၊ မရှိဆိုသည်ထက် လာမည့်ရာသီအတွက် ကြိုတင် ပြင်ဆင်ပေးနေကြောင်း ပြောကြားခဲ့သည်။

ဆိုးလ်ရှားက ''လူငယ်အသင်းမှာ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်အနည်းငယ်ရှိပြီး ဒီကစားသမားတွေကိုလည်း အသင်းကြီးအတွက် သုံးစွဲနိုင်ရင် လာမည့်ရာသီမှာ အသင်းက ပိုကောင်းလာပါလိမ့်မယ်။ ကျွန်တော် နောက်ရာသီအတွက် စဉ်းစားနေတာက ဒီအသင်းနည်းပြရာထူး ကို ဆက်လက်တာဝန်ယူဖို့ ရှိ၊ မရှိဆိုတာနဲ့ မဆိုင်ပါဘူး။ ဒါက အရေးလည်းမကြီးပါဘူး။ ကျွန်တော် ဒီမှာရှိနေတာ ကိုက နောက်ရာသီအတွက် ပြင်ဆင်ဖို့ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဆိုးလ်ရှားက သူသည် အသင်းကို တိုက်စစ်ပြီး တိုက်စစ်ဆိုခြင်းထက် ပိုမိုကောင်းမွန်သည့် အစီအစဉ်များရှိနေသည်ကို သက်သေပြလိုသေးသည်ဟုလည်း ဝန်ခံခဲ့ပြီး လက်ရှိအချိ်န်တွင် အသင်း၏သွင်းဂိုးများအတွက်လည်း အလွန်အားရကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။ 

''မန်ယူအသင်းရဲ့  စရိုက်လက္ခဏာနဲ့ သွင်းဂိုးတွေကို ပြန်လည်ရှာဖွေပေးနိုင်တဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ ကျွန်တော် ဒီအ သင်းကို ရောက်လာကတည်းက ပရိသတ်တွေက တိုက်စစ် ကိုပဲ တောင်းဆိုခဲ့ကြတာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent