ဖလားက ကိုယ့်အတ္တအတွက်သာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်က ပိုအရေးကြီးဟု ပိုချက်တီနိုဆို

ဖလားက ကိုယ့်အတ္တအတွက်သာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်က ပိုအရေးကြီးဟု ပိုချက်တီနိုဆို
Published 29 January 2019

စပါးအသင်း၏ နည်းပြဖြစ်သူ ပိုချက်တီနိုက FA ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းအပေါ် စိတ်မပျက်ကြောင်းနှင့် ဖလားပြိုင်ပွဲဆိုသည်မှာ ကိုယ့်အတ္တအတွက်သာ ပိုမိုအကျိုးရှိပြီး အမှန်တကယ်အသင်းအတွက် အကျိုးရှိသည်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပိုချက်တီနိုက ''စပါးအသင်းက ဆုဖလားတွေနဲ့ ယဉ်ပါးနေတဲ့အသင်း တစ်သင်းမဟုတ်ပါဘူး။ ဒီအသင်းအတွက် FA ဖလားရဖို့က အရေးကြီး တယ်လို့ ပြောလာမယ်ဆိုရင် ကျွန် တော်က ဒါကို သဘောမတူပါဘူး။ ဖလားဆိုတာ ကိုယ့်အတ္တအတွက်သာ ပိုအရေးကြီးပြီး အသင်းအတွက် တကယ်အရေးကြီးတာက ချန်ပီယံလိဂ် လိုပြိုင်ပွဲမျိုးမှာ ပုံမှန်ကစားခွင့်ရနေဖို့ ဖြစ်ပါတယ်။ ဒီအခြေအနေကသာ ကလပ်အသင်းရဲ့ ဘဏ္ဍာရေးနဲ့အခြား အခြေအနေများစွာကို ကူညီနိုင်တာ ဖြစ်ပြီး ကျွန်တော့်အနေနဲ့လည်း ပြည် တွင်းဖလားတွေထက် ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ကိုသာ ပိုမိုအာရုံစိုက် ပါတယ်''ဟု ပြောကြားခဲ့သည်။

စပါးအသင်းသည် နောက်ဆုံး (၄)ရပ်အတွင်း ကားလင်းဖလားနှင့် FA ဖလားပြိုင်ပွဲတို့မှ ထွက်ခွာခဲ့ရပြီး နောက် ပိုချက်တီနိုက ယင်းကဲ့သို့ ဆိုခဲ့ခြင်းလည်းဖြစ်သည်။ 

Most Read

Most Recent