စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်(ဒု-ကျော့) နှင့် ကိုပါအီတာလီယာ ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်(ဒု-ကျော့) နှင့် ကိုပါအီတာလီယာ ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 29 January 2019

ယနေ့တွင် ကွာတားဖိုင်နယ်ပွဲ(၂)ပွဲရှိပါသည်။

အေစီမီလန် နှင့် နာပိုလီ (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

ဒီ(၂)သင်း တစ်ပတ်အတွင်း (၂)ပွဲဆက်တိုက်ကစားရတာပါ။ အေစီမီလန်အသင်းမှာ ဟီဂွါအင် ထွက်ခွာသွားခဲ့ပြီဖြစ်လို့ No.9 Role နေရာကို ဘယ်သူနဲ့ရေရှည်အစားထိုးမလဲ စောင့်ကြည့်ချင်စရာကောင်းနေတယ်။ ဟီဂွါအင်ရဲ့အနာဂတ် မတည်မငြိမ်ဖြစ်ကတည်းက ကူထရိုနီကို တောက်လျှောက်အသုံးပြုနေပေမယ့် ခြေစွမ်းပိုင်းက သိပ်မစွံပါဘူး။ ကူထရိုနီက Super-sub လောက်သာ အသုံးတည့်ပြီး ပွဲကြီးတွေဆို ဂိုးသွင်းခြေပါပျောက်သွားလေ့ရှိပါတယ်။ ဒီပွဲတော့ နာပိုလီနဲ့စီးရီးအေပွဲမှာ လူစားဝင်ပြီး ပွဲဦးထွက်ခဲ့တဲ့ ပီယွန်တက်ခ်ကို Lline-up မှာ အသုံးပြုလာနိုင်တယ်။ ကျန်တဲ့ကစားသမားပိုင်းတော့ အပြောင်းအလဲ သိပ်မလုပ်နိုင်လောက်ဘူး။ နာပိုလီတိုက်စစ်က နောက်ပိုင်းပွဲတွေမှာ အဝေးကွင်းဆို ရုန်းကန်လာရတဲ့အနေအထားရှိတယ်။ အဝေး ကွင်းနောက်ဆုံး(၄)ပွဲမှာ (၁)ဂိုးသာသွင်းနိုင်တဲ့ပုံစံမျိုးနဲ့ Clean Sheet တွေရလာတဲ့ အေစီမီလန်နောက်တန်းကို ဂိုးသွင်းနိုင်ဖို့ ခက်ခဲဦးမှာပါ။ အေစီမီလန်တိုက်စစ်ကလည်း ဆူဆိုအပေါ် လုံးလုံးလျားလျား မူတည်နေပြီး နည်းပြ ဂတ်တူဆိုကလည်း ဒီပြဿနာကို အခုချိန်အထိ မဖြေရှင်းနိုင်သေးတာ တွေ့ရတယ်။ ဒါပေမဲ့ အေစီမီလန် အိမ်ကွင်းမှာ မိနစ်(၉၀)အတွင်း မရှုံးလောက်ပါဘူး။ 

ဗလင်စီယာ နှင့် ဂီတာဖေး (ဗုဒ္ဓဟူးနံနက် ၃းဝ၀ နာရီ)

ဂီတာဖေးအသင်းက လာလီဂါမှာ အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့ပေမယ့် အသင်းရဲ့တည်ငြိမ်မှုက ဗလင်စီယာထက် သာပါတယ်။ အဝေးကွင်းမှာ ထိန်းကစား၊ အိမ်ကွင်းမှာ အားသာချက် ယူတဲ့ပုံစံနဲ့ စပိန်ဘုရင့်ဖလားကို ဖြတ်သန်းနေတာလည်း တွေ့ရပါတယ်။ ဂီတာဖေးခံစစ်ကို အိမ်ရှင် ဗလင်စီယာ ဖောက်နိုင်မလားဆိုတာက အဖြေဖြစ်လာမှာပါ။ ဂီတာဖေးအသင်း သရေရလဒ် ရယူသွားနိုင်မယ်လို့ ထင်ပါတယ်။

 

Most Read

Most Recent