ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 28 January 2019

အမ်ပိုလီ နှင့် ဂျီနိုအာ (အင်္ဂါနံနက် ၂းဝ၀ နာရီ)

အိမ်ကွင်းမှာ အမ်ပိုလီတစ်ပွဲသာနိုင်ထားပေမယ့် အဝေး ကွင်း (၅)ပွဲဆက်ရှုံးနိမ့်ထားတဲ့ ဂျီနိုအာဆီကနေ အမှတ်ယူဖို့ မခက်ပါဘူး။  သရေကျနိုင်ပါတယ်။

အလာဗတ်စ် နှင့် ဗယ်လီကာနို (အင်္ဂါနံနက် ၂း၃၀ နာရီ)

အလာဗတ်စ်ရဲ့အိမ်ကွင်းအားကို ဗယ်လက်ကာနို်တောင့်ခံဖို့ မလွယ်လှဘူး။ လက်ရှိအချိန်မှာ အလာဗတ်စ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အခြေအနေဖြစ်ပြီး အိမ်ကွင်းမှာ နိုင်ပွဲယူရမယ့်အခွင့်အရေးကို ဆုံးရှုံးခံမှာမဟုတ်ပါဘူး။ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲ ဦးစားပေးရမယ်ထင်တယ်။

ဘားနတ် နှင့် ဘရန့်ဖို့ဒ် (အင်္ဂါနံနက် ၂း၁၅ နာရီ)

ဘားနတ်က ပရိုလိဂ်တွေရဲ့ပြင်ပနေရှင်နယ်လိဂ်က အသင်းဖြစ်ပြီး ပြီးခဲ့တဲ့အဆင့်မှာတော့ လိဂ်ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းနိုင်ပွဲနဲ့ မထင်မှတ်ဘဲ ဒီအဆင့်ရောက်လာတဲ့အသင်းပါ။ ဘရန့်ဖို့ဒ်က လိဂ်ချန်ပီယံရှစ်မှာ တန်းဆင်းဇုန်နားရောက်နေပေမယ့် ပြိုင်ပွဲစုံနောက်ဆုံး (၆) ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး ဒီပွဲမှာလည်း ဘားနတ်ကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

 

 

Most Read

Most Recent