FA ဖလား စတုတ္ထအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

FA ဖလား စတုတ္ထအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : ESPN
Photo : ESPN
Published 26 January 2019

ယနေ့တွင် FAဖလားပွဲစဉ်(၁၁)ပွဲရှိပါသည်။

FA ဖလားစတုတ္ထအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အက်ကရင်တန် နှင့် ဒါဘီ (စနေည ၇၀၀ နာရီ)

ဒါဘီအသင်းက ချယ်လ်ဆီးဂန္ထဝင်ကစားသမားဟောင်း လမ်းပတ်ရဲ့လက်အောက်မှာ တိုးတက်မှုတွေရှိတဲ့၊ ခြေစွမ်းပြနေတဲ့အသင်းဖြစ်တယ်။ ပြီးခဲ့တဲ့အဆင့်တုန်းက ပရီးမီးယားလိဂ်မှာ ခြေပြန်တက်လာတဲ့ ဆောက်သမ်တန်အသင်းကို ကျော်ဖြတ်လာခဲ့တဲ့အသင်းဖြစ်ပြီး လိဂ်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကိုပြန်လာဖို့ ရည်မှန်းနေတယ်။ ဟတ်ဒယ်စတုန်း ဦးဆောင်တဲ့ကွင်းလယ်က League One ကလပ် အက်ကရင်တန်ကို ကျော်ဖြတ်ဖို့ အခက်အခဲမရှိပါဘူး။ ဒါဘီအသင်းပဲ အနိုင်ရလိမ့်မယ်။

ဆွမ်ဆီး နှင့် ဂီလင်ဟမ် (စနေည ၉း၃၀ နာရီ)

ဆွမ်ဆီးက လိဂ်ချန်ပီယံရှစ်မှာ အဆင့် (၉)နေရာကို ရောက်နေပြီး ဂီလင်ဟမ်က League One မှာ တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့အသင်းပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့အဆင့်တုန်းက ကာဒစ်ဖ်ကို အနိုင်ယူပြီး တက်လာခဲ့တာတွေ့ရတယ်။ ဒီပွဲကတော့ ဆွမ်ဆီးကွင်းမှာကစားရမှာဖြစ်ပြီး ဂီလင်ဟမ်အတွက် အခွင့်အရေးနည်းပါတယ်။ ဆွမ်ဆီးကို ကြိုက်တယ်။

ရှရူးဘူရီ  နှင့်  ဝုလ်ဗ် (စနေည ၉း၃၀ နာရီ)

ဝုလ်ဗ်က ပြီးခဲ့တဲ့အဆင့်တုန်းက လီဗာပူးလ်ကိုအိမ်ကွင်းမှာ အနိုင်ယူပြီး ဒီအဆင့်ကိုရောက်လာတဲ့အသင်းပါ။ ရှရူးဘူရီက League One မှာ တန်းဆင်းဇုန်နားရောက်နေတဲ့အသင်းဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဝုလ်ဗ်က သူတို့အတွက် အမြင့်ဆုံးပြိုင်ဘက် ဖြစ်နေတယ်။ အိမ်ကွင်းမှာ ကစားရမှာဆိုပေမယ့် ဝုလ်ဗ်ကို ကျော်နိုင်ဖို့ ခက်ပါတယ်။ ဝုလ်ဗ်ကိုပဲ ကြိုက်တယ်။

ဘရိုက်တန် နှင့် ဝက်စ်ဘရွန်း (စနေည ၉း၃၀ နာရီ)

ဘရိုက်တန်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအလယ်မှာရှိပြီး ဝက်စ်ဘရွန်းကတော့ လိဂ်ချန်ပီယံရှစ်ရဲ့အဆင့်(၃)နေရာမှာရှိနေတယ်။ လီဗာပူးလ်၊ မန်ယူတို့နဲ့ပွဲတွေမှာ ဆက်တိုက်ရှုံးခဲ့ပေမယ့် (၂)ပွဲစလုံးမှာ ဘရိုက်တန်ပုံစံကောင်းပြနိုင်ခဲ့တယ်။ ဝက်စ်ဘရွန်းကလည်း ကစားသမားကောင်းတွေ အများကြီးရှိပြီး ဘရိုက်တန်ကို ယှဉ်ကစားနိုင်ပါတယ်။ သရေကျဖို့ များတယ်။

ဒွန်ကက်စတာ နှင့် အိုးလ်ဟမ်း (စနေည ၉း၃၀ နာရီ)

ဒွန်ကက်စတာက League One အသင်းဖြစ်ပြီး အိုးလ်ဟမ်းက League Two အသင်းပါ။ သက်ဆိုင်ရာလိဂ်တွေမှာ အမှတ်ပေးဇယားအလယ်မှာ ရပ်တည်နေတဲ့အသင်းတွေဖြစ်ပြီး ဒွန်ကက်စတာက ပိုကောင်းတယ်။ အိမ်ကွင်းမှာ နောက်ဆုံး (၇) ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ (၅) ပွဲအနိုင်ရခဲ့တဲ့ ဒွန်ကက်စတာ နိုင်ဖို့ များတယ်။

မစ်ဒယ်ဘရော့ နှင့် နယူးပို့တ် (စနေည ၉း၃၀ နာရီ)

မစ်ဒယ်ဘရော့နဲ့ နယူးပို့တ်ကြားမှာ အဆင့်ကွာဟချက် ကြီးမားပါတယ်။ မစ်ဒယ်ဘရော့မှာ ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားသလို ပြီးခဲ့တဲ့အဆင့်မှာလည်း ပီတာဘရော့ကို အိမ်ကွင်းမှာ ဂိုးမိုးရွာနိုင်ခဲ့တာ တွေ့ရတယ်။ နယူးပို့တ် ပြီးခဲ့တဲ့အဆင့်မှာ လက်စတာကို မထင်မှတ်ဘဲ အိမ်ကွင်းမှာ ကျော်ဖြတ်နိုင်ခဲ့ပြီး အခု အဝေးကွင်းပွဲစဉ်မှာတော့ မစ်ဒယ်ဘရော့ကို ဒုက္ခပေးနိုင်မယ်မထင်ဘူး။ အဝေးကွင်း နောက်ဆုံး (၅)ပွဲဆက်ရှုံးထားတဲ့ နယူးပို့တ်အသင်း ဒီပွဲလည်း မစ်ဒယ်ဘရော့ကွင်းမှာ ရှုံးပွဲတွေ့လိမ့်မယ်။

မန်စီးတီး နှင့် ဘန်လေ (စနေည ၉း၃၀ နာရီ)

မန်စီးတီးက လီဗာပူးလ်ကို အနိုင်ရခဲ့ပြီးကတည်းက ခြေစွမ်းပိုင်းကသိသိသာသာတိုးတက်လာခဲ့တာတွေ့ရတယ်။ လီဗာပူးလ်နဲ့ ပွဲမှာ နောက်ဆုံးဂိုးပေးခဲ့ရပြီး အဲ့ဒီနောက်ပိုင်းမှာ (၄)ပွဲဆက်တိုက် Clean Sheets ရခဲ့တယ်။ ဒီ (၄)ပွဲမှာ သွင်းဂိုးစုစုပေါင်း (၂၂)ဂိုးရှိခဲ့ပြီး တစ်ပွဲပျမ်းမျှ (၅)ဂိုးကျော်သွင်းနိုင်ခဲ့တယ်။ အသင်းမှာ ဒဏ်ရာပြဿနာအနည်းငယ်ရှိပေမယ့် ကစားခွင့်ရတဲ့ ကစားသမားတိုင်း ခြေစွမ်းပြနေပြီး နေရာလုတိုက်ပွဲတွေကြောင့်လည်း ကစားသမားတိုင်းက အခွင့်အရေးရတဲ့ပွဲတွေမှာ သူတို့ရဲ့ ခြေစွမ်းအကုန်ညှစ်ထုတ်ကစားနေကြတယ်။ ဘန်လေနဲ့ ကစားရမယ့် အိမ်ကွင်းပွဲမှာ မန်စီးတီး လူစုံမထုတ်ဖို့က သေချာသလောက်ရှိပါတယ်။ ဒါပေမဲ့ လူစုံမထုတ်ခဲ့တဲ့ပွဲတွေမှာ မန်စီးတီး ဂိုးတွေအများကြီးသွင်းခဲ့တာကိုလည်း မကြာခဏ မြင်နေရလို့ ဒီအချက်က သိပ်အရေးမပါဘူးလို့တောင် ပြောလို့ရတယ်။ ဘန်လေက ခြေတက်နေတဲ့အသင်းဖြစ်ပြီး ရလဒ်တွေလည်း ဆက်တိုက်ကောင်းနေတယ်။ ပရီးမီးယားလိဂ်တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်လာနိုင်တဲ့အသင်းဖြစ်ပြီး ခံစစ်မှတ်တမ်းကောင်းတွေကို ဆက်တိုက်ရယူနိုင်ခဲ့တာတွေ့ရတယ်။ ဒါကြောင့် မန်စီးတီးကိုလည်း ခံစစ်အသေပိတ်ပြီး ကစားဖို့ရှိတယ်။ ရှုံးရင်တောင် ဂိုးမပြတ်ဖို့ကိုသာ အာရုံစိုက်ပြီး ပြိုင်ပွဲက အေးအေးဆေးဆေး ထွက်ခွာသွားမယ့် မဟာဗျူဟာမျိုးမရှိဘူးလို့ မပြောနိုင်ဘူး။ FA က ထွက်ခွာရခြင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်ရဖို့ လမ်းစအဖြစ် ဘန်လေတွေးလိမ့်မယ်။ မန်စီးတီး သေချာပေါက် နိုင်လိမ့်မယ်။ နောက်ထပ် Clean Sheet တစ်ပွဲလည်းဖြစ်နိုင်တယ်။ (၂-၀၊ ၃-၀)လောက်ဖြစ်မယ်လို့ မျှော်လင့်တယ်။

ပို့စ်မောက် နှင့် QPR (စနေည ၉း၃၀ နာရီ)

ပို့စ်မောက်က League One မှာ အပေးဇယားထိပ်ဆုံး ရောက်နေပြီး လိဂ်ချန်ပီယံရှစ်ကို တက်လာဖို့ နီးစပ်နေတဲ့အသင်းပါ။ QPR က လိဂ်ချန်ပီယံရှစ်မှာ ဇယားအလယ်ကို ရောက်နေတယ်။ နောက်ပိုင်းပွဲတွေမှာ ပို့်စ်မောက်က ရလဒ်ကောင်းနေပြီး ဒီ(၂)သင်းကြားမှာ ကွာဟချက် သိပ်မရှိဘူး။ ဒါပေမဲ့ ပို့စ်မောက်အိမ်ကွင်းဖြစ်နေလို့ ပို့စ်မောက်ကို ကြိုက်တယ်။

နယူးကာဆယ် နှင့် ဝက်ဖို့ဒ် (စနေည ၉း၃၀ နာရီ)

ပရီးမီးယားလိဂ်အသင်း (၂) သင်း ထိပ်တိုက်တွေ့နေတဲ့ ပွဲဖြစ်ပြီး (၂)သင်းစလုံး ပွဲကျပ်ကစားရမှာပါ။ ဝက်ဖို့ဒ်က နယူးကာဆယ်ထက်ပိုကောင်းပြီး နောက်ဆုံး (၅) ပွဲဆက် ရှုံးပွဲမရှိ ကစားထားတာ တွေ့ရတယ်။ နယူးကာဆယ်က ပြီးခဲ့တဲ့အဆင့်မှာ ဘလက်ဘန်းကို အသည်းအသန်ကျော်ဖြတ်ခဲ့ရပြီး ဒီပွဲတော့ ဝက်ဖို့ဒ်ကို ကျော်နိုင်မယ် မထင်ဘူး။ ဝက်ဖို့ဒ် အနိမ့်ဆုံး သရေ ကစားလိမ့်မယ်။

မီဝေါလ် နှင့် အဲဗာတန် (စနေည ၁၂းဝ၀ နာရီ)

မီဝေါလ်အသင်းက လိဂ်ချန်ပီယံရှစ်မှာ တန်းဆင်းဇုန်နား ရောက်နေတဲ့အသင်းပါ။။ နောက်ဆုံး (၅) ပွဲမှာ (၃) ပွဲနိုင်ခဲ့ပေမယ့် ဂိုးတွေ ဆက်တိုက်ပေးနေရတာ တွေ့ရတယ်။ အိမ်ကွင်းမှာ ကစားရမှာဆိုပေမယ့် အဲဗာတန်အသင်းသာ အာရုံစိုက်ကစားရင် မီဝေါလ်အသင်း ရုန်းကန်ရလိမ့်မယ်။ လူစာရင်းအရရော၊ ခြေစွမ်းပိုင်းပါ မီဝေါလ်ထက် သာနေတဲ့ အဲဗာတန်အသင်းကို ပိုကြိုက်တယ်။

ဝင်ဘယ်လ်ဒန် နှင့် ဝက်စ်ဟမ်း (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဝင်ဘယ်လ်ဒန်က League One မှာ အမှတ်ပေးဇယား အောက်ဆုံးကို ရောက်နေတယ်။ နောက်ဆုံး (၆) ပွဲမှာ တစ်ပွဲသာ နိုင်ပွဲရထားပြီး အားရစရာမရှိတဲ့အသင်းပါ။ ဝက်စ်ဟမ်းက ပြီးခဲ့တဲ့အဆင့်မှာ  ဘာမင်ဂမ်ကို အလွယ်တကူ ကျော်ဖြတ်ခဲ့ပြီး ဝင်ဘယ်လ်ဒန်ထက် အစစအရာရာသာတဲ့အသင်းလည်း ဖြစ်တယ်။ အဝေးကွင်းမှာ နောက်ဆုံး (၂) ပွဲဆက် ရှုံးထားပေမယ့် ဒီ(၂)ပွဲ မတိုင်ခင် (၅) ပွဲမှာ (၃)ပွဲနိုင်၊ (၂) သရေ ကစားနိုင်ခဲ့တာ တွေ့ရတယ်။ ဒါကြောင့် ဝင်ဘယ်လ်ဒန်ကွင်းမှာလည်း ဝက်စ်ဟမ်း ရုန်းကန်ရဖို့မရှိပါဘူး။ ဒီအဆင့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

Most Read

Most Recent