FA ဖလားပွဲစဉ်တွင် ရင်ဆိုင်ရမည့် အာဆင်နယ်အသင်းမှာ မန်ယူ၌ မိမိကစားနေစဉ်အတွင်း အနီးဆုံးပြိုင်ဘက်ဖြစ်ခဲ့ဟု ဆိုးလ်ရှား ပြောကြား

FA ဖလားပွဲစဉ်တွင် ရင်ဆိုင်ရမည့် အာဆင်နယ်အသင်းမှာ မန်ယူ၌ မိမိကစားနေစဉ်အတွင်း အနီးဆုံးပြိုင်ဘက်ဖြစ်ခဲ့ဟု ဆိုးလ်ရှား ပြောကြား
Photo: Man Utd via Getty Images
Photo: Man Utd via Getty Images
Published 25 January 2019

မန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှားက သောကြာည (ယနေ့) တွင် FA ဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည့် အာဆင်နယ်အသင်းမှာ မန်ယူအသင်း၌ မိမိကစားနေစဉ်အတွင်း အနီးဆုံးပြိုင်ဘက်ဖြစ်ခဲ့ပြီး အောင်မြင်မှုအတွက် အမြဲတမ်း ပြိုင်ဆိုင်ရခဲ့သည့်အသင်းတစ်သင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မန်ယူအသင်းအား ရာနှုန်းပြည့် နိုင်ပွဲရရှိရန် စွမ်းဆောင်ပေးထားသည့် ဆိုးလ်ရှားက ၁၉၉၈-၉၉ ရာသီတွင် အဓိကဆုဖလား (၃)လုံးရယူခဲ့ရာ၌ အာဆင်နယ်အသင်းအား အနိုင်ရခဲ့သည့် FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အဓိကအရေးပါခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

အဆိုပါပွဲစဉ်တွင် အာဆင်နယ်အသင်းမှာ ပယ်နယ်တီကန်ခွင့်ရရှိခဲ့သော်လည်း ဘားကင့်၏ကန်ချက်ကို ဂိုးသမား ပီတာရှမိုက်ကယ်က လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး အချိန်ပို၌ ရိုင်ယန်ဂစ်သွင်းယူသောဂိုးဖြင့်အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ဝင်ဘလေကွင်းတွင် ကစားခဲ့သည့် အဆိုပါဗိုလ်လုပွဲ၌ မန်ယူအသင်းသည် နယူးကာဆယ်အား  (၂-၀)ဂိုးဖြင့်အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် စသည့် ဆုဖလားများကို ဆက်လက်ရယူနိုင်ခဲ့သည်။ 

ဆိုးလ်ရှားက "အာဆင်နယ်ဟာ ကျွန်တော်တို့အတွက် အနီးကပ်ဆုံးပြိုင်ဘက် ဖြစ်ခဲ့တယ်။ တစ်ရာသီအတွင်း သူတို့ကဖလား(၂)လုံးယူဖူးပြီး ကျွန်တော်တို့က (၃)လုံးယူနိုင်ခဲ့တယ်" ဟု ဆိုခဲ့သည်။ 

Most Read

Most Recent