ဒူးအရွတ်ထိခိုက်မိပါက ဘယ်လာရင် ရာသီကုန်အထိ အနားယူရဖွယ်ရှိ

ဒူးအရွတ်ထိခိုက်မိပါက ဘယ်လာရင် ရာသီကုန်အထိ အနားယူရဖွယ်ရှိ
Photo : AFP, BPI
Photo : AFP, BPI
Published 22 January 2019

ဘယ်လာရင် (၂၃ နှစ်)သည် ခြေသလုံး ဒဏ်ရာကြောင့် ဒီဇင်ဘာတတိယပတ်မှ ဇန်နဝါရီဒုတိယပတ်အထိ လေးပတ်ကြာအနား ယူခဲ့ရပြီး ချယ်လ်ဆီးအသင်းနှင့်ပွဲမှသာ ပွဲထွက်စာရင်း၌ ပထမဆုံးအကြိမ် ပြန်လည် ကစားစဉ်ဒဏ်ရာထပ်မံရရှိခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်း ညာနောက်ခံလူ ဘယ်လာရင်သည် ဒူးအရွတ်ထိခိုက်မိပါက ရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း ဗြိတိန်သတင်းဌာနများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

ဘယ်လာရင်သည် ဇန်နဝါရီ ၁၉ ရက်က ချယ်လ်ဆီးအသင်းအား အနိုင်ရသည့်ပွဲ၌ ဝဲဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်း ၇၂ မိနစ်တွင် ထမ်းစင်ဖြင့်သယ်ထုတ်၍ လူ စားလဲခဲ့ရသည်။

၎င်း၏ဒဏ်ရာအခြေအနေ အတွက် MRI Scan စစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းလျက်ရှိပြီး အာဆင်နယ်အသင်းက ကြေညာချက် ထုတ်ပြန်ခြင်းမရှိသေးသော်လည်း အရွတ်ထိခိုက်မိပါက ခြောက်လမှ ကိုးလအထိ အနားယူရဖွယ်ရှိကြောင်း ဗြိတိန် သတင်းဌာနများက ခန့်မှန်းဖော်ပြနေခြင်းဖြစ်သည်။

ဘယ်လာရင် (၂၃ နှစ်)သည် ခြေသလုံး ဒဏ်ရာကြောင့် ဒီဇင်ဘာတတိယပတ်မှ ဇန်နဝါရီဒုတိယပတ်အထိ လေးပတ်ကြာအနား ယူခဲ့ရပြီး ချယ်လ်ဆီးအသင်းနှင့်ပွဲမှသာ ပွဲထွက်စာရင်း၌ ပထမဆုံးအကြိမ် ပြန်လည် ကစားစဉ်ဒဏ်ရာထပ်မံရရှိခဲ့ခြင်းဖြစ်သည်။

၎င်း၏ဒဏ်ရာနှင့်ပတ်သက်၍ နည်းပြ အူနိုင်းအမ်မရီက ''ပထမဆုံး သူ့ကိုမြင်လိုက်ရတဲ့ပုံစံကတော့ သိပ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန် တော်တို့မှာ အင်စလေ (မိန့်လန်းနိုင်းစ်) ရှိပါတယ်။ သူက ညာတောင်ပံရော နောက်ခံလူ နေရာမှာပါ ကောင်းကောင်းကစားနိုင်ပါတယ်။ ပြီးတော့ လစ်ချ်စတိုင်နာနဲ့ ယန်ကင်ဆန် လည်း ရှိပါသေးတယ်''ဟု ပြောကြားသည်။

Most Read

Most Recent