ဘာနေဗျူးတွင်ကစားမည့် El Clasico ပွဲစဉ်၌ ဂိုးသွင်းနိုင်ရန် ဘာစီလိုနာကစားသမားသစ် ဘိုတန် မျှော်လင့်

ဘာနေဗျူးတွင်ကစားမည့် El Clasico ပွဲစဉ်၌ ဂိုးသွင်းနိုင်ရန် ဘာစီလိုနာကစားသမားသစ် ဘိုတန် မျှော်လင့်
Photos : FC Barcelona, Twitter
Photos : FC Barcelona, Twitter
Published 22 January 2019

(၃၁)နှစ်အရွယ်ရှိ ဘိုတန်သည် စပိန်ကလပ် လက်စ်ပါမားစ်အသင်းတွင်ကစားခဲ့စဉ် ၂၀၁၇ ခုနှစ်အတွင်း ဘာနေဗျူးကွင်း၌ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ကြောင်း သိရသည်။

ဘာစီလိုနာကစားသမားသစ် ဘိုတန်က ဘာနေဗျူးတွင်ကစားမည့် El Clasico ပွဲစဉ်၌ ဂိုးသွင်းနိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

'' ဘာစီလိုနာအသင်းအတွက် အရမ်းအာရုံစိုက်ထားပါတယ်။ ဘာနေဗျူးမှာကစားမယ့် El Clasico မှာဂိုးသွင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့်အပေါ် ကောင်းခဲ့တဲ့ ဆာဆူအိုလိုလိုအသင်းမျိုးကို စွန့်ခွာရတာ ဝမ်းနည်းစရာပါပဲ။ ဒါပေမဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ခွင့်ရတာဟာ ကြီးမားတဲ့အခွင့်အရေးဖြစ်ပြီး အံ့အားသင့်စရာလည်းကောင်းပါတယ်။ ဆာဆူအိုလိုမှာရှိတဲ့သူတိုင်းကို ကျွန်တော် နှုတ်ဆက်စကားဆိုချင်တယ်။ ပြီးတော့ ကျွန်တော်ဟာ ဆာဆူအိုလိုအသင်းအပေါ်  လေးစားမှုရှိသူပါ'' ဟု ဘိုတန်က အီတလီရုပ်သံ Sky သို့ ဖြေကြားခဲ့သည်။

(၃၁)နှစ်အရွယ်ရှိ ဘိုတန်သည် စပိန်ကလပ် လက်စ်ပါမားစ်အသင်းတွင်ကစားခဲ့စဉ် ၂၀၁၇ ခုနှစ်အတွင်း ဘာနေဗျူးကွင်း၌ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ကြောင်း သိရသည်။

အတိတ်ဗီဒီယိုဖိုင်တစ်ခုတွင် ဘာစီလိုနာထက် ရီးယဲလ်သို့သာ ပြောင်းရွှေ့လိုသည်ဟု ပြောကြားထားမှုအပေါ်တွင် ဘိုတန်က ယင်းမှာအတိတ်ဖြစ်ရပ်သာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

ဘာစီလိုနာအသင်းသည် ဘိုတန်ကို ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး နွေရာသီတွင် ပြောင်းရွှေ့ကြေး ပေါင်(၇.၁)သန်းဖြင့် ခေါ်ယူခွင့်ရှိသည့်အချက်ကိုလည်း ထည့်သွင်းထားသည်။

ဘိုတန်သည် ၂၀၀၇ ခုနှစ်က ဟာသာဘာလင်အသင်းမှ စပါးအသင်းသို့ပြောင်းရွှေ့ခဲ့ပြီး ယင်းနောက် ဒေါ့မွန်အသင်းတွင် အငှားပြန်ကစားအပြီး ပို့စ်မောက်အသင်းသို့ ရောက်ရှိခဲ့သည်။

ဂျာမနီဖွား ဂါနာလက်ရွေးစင်ဟောင်းမှာ အေစီမီလန်အသင်းတွင် နှစ်ကြိမ်တိုင် ကစားခဲ့ဖူးပြီး နောက်ဆုံးကလပ် ဆာဆူအိုလိုအသင်းမတိုင်မီ ရှော်လ်ကေး၊ လက်စ်ပါးမားစ်၊ ဖရန့်ဖတ်အသင်းများသို့လည်း ပြောင်းရွှေ့ခဲ့ဖူးသည်။

2004–2007: Hertha BSC II

2005–2007: Hertha BSC

2007–2009: Tottenham Hotspur 

2009: Borussia Dortmund (loan)

2009–2010: Portsmouth

2010–2013: Milan 

2013–2015: Schalke

2016: Milan 

2016–2017: Las Palmas

2017–2018: Eintracht Frankfurt 

2018: Sassuolo

Most Read

Most Recent