ရန်ကုန်ယူနိုက်တက်အသင်းနှင့် မိတ်ဖက်အသင်းပြုလုပ်ရန် ဘွန်ဒစ်လီဂါကလပ် ၀ါဒါဘရီမင်အသင်း ကမ်းလှမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် မိတ်ဖက်အသင်းပြုလုပ်ရန် ဘွန်ဒစ်လီဂါကလပ် ၀ါဒါဘရီမင်အသင်း ကမ်းလှမ်း
Photos : YUFC & SV Werder Bremen Facebook
Photos : YUFC & SV Werder Bremen Facebook
Published 22 January 2019

၀ါဒါဘရီမင်အသင်းအမှုဆောင်အရာရှိချုပ် ကလော့စ်ဖီဘရီသည် ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇထံ အီးမေးလ်ပေးပို့၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဂျာမန်ဘွန်ဒစ်လီဂါကလပ် ၀ါဒါဘရီမင် အသင်းသည် MNL ကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မိတ်ဖက်အသင်းပြုလုပ်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။

၀ါဒါဘရီမင်အသင်းအမှုဆောင်အရာရှိချုပ် ကလော့စ်ဖီဘရီသည် ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇထံ အီးမေးလ်ပေးပို့၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ယင်းကမ်းလှမ်းမှုတွင် ၀ါဒါဘရီမင်အသင်းအနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မိတ်ဖက်ပြုလုပ်ရန် စိတ်ဝင်စားမှုရှိသည်ကို အတည်ပြုပါကြောင်း၊ အသင်းနှစ်သင်းအကြား အတွေ့အကြုံများ ဖလှယ်လိုပါကြောင်း၊ ၎င်းအနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇထံ ယခုစာဖြင့် တရားဝင်ကမ်းလှမ်းခြင်းဖြစ်ပါကြောင်း၊ အနာဂတ်တွင် အသင်းနှစ်သင်းအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း အစရှိသဖြင့် ကလော့စ်ဖီဘရီက ရေးသားပေးပို့၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၀ါဒါဘရီမင်အသင်းကို ၁၈၉၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သောကြောင့် လက်ရှိအချိန်တွင် အသင်း၏သက် တမ်းမှာ နှစ်ပေါင်း ၁၂၀ ရှိပြီဖြစ်သည်။

၀ါဒါဘရီမင်အသင်းသည် ယခုရာသီ ဘွန်ဒစ်လီဂါ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပွဲစဉ် (၁၈) အပြီးတွင် ခုနစ်ပွဲနိုင်၊ လေးပွဲသရေ၊ ခုနစ်ပွဲရှုံး၊ ၂၅ မှတ်ဖြင့် အဆင့် ၉ နေရာ ရပ်တည်နေသည်။

၀ါဒါဘရီမင်အသင်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် လေး ကြိမ်ဗိုလ်စွဲထားပြီး ဒုတိယဆု ခုနစ်ကြိမ်ရရှိ ထားသည်။

Most Read

Most Recent