အီတလီစူပါဖလားမှာ အအောင်မြင်ဆုံးဖြစ်လာတဲ့ ဂျူဗင်တပ်စ်

အီတလီစူပါဖလားမှာ အအောင်မြင်ဆုံးဖြစ်လာတဲ့ ဂျူဗင်တပ်စ်
Photos: Getty Images for Lega Serie A & AFP
Photos: Getty Images for Lega Serie A & AFP
Published 17 January 2019

■ ဂျူဗင်တပ်စ် ၁-၀ အေစီမီလန်

 

 

ဂျူဗင်တပ်စ်အသင်းက ၂၀၁၈ အီတလီစူပါဖလားပြိုင်ပွဲမှာ ပြိုင်ဘက် အေစီမီလန်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ယူပြီး ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးဖြစ်လာခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ယခုပွဲမတိုင်မီ အေစီမီလန်နဲ့ ချန်ပီယံ(၇)ကြိမ်စီ တူညီနေရာမှ (၁)ကြိမ်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ၊ Jeddah မြို့မှာကစားခဲ့တဲ့ အခုပွဲမှာ ဂျူဗင်တပ်စ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို စီရော်နယ်လ်ဒိုက (၆၁)မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီကာလကမှ အသင်းကို ရောက်ရှိလာတဲ့ စီရော်နယ်လ်ဒိုအတွက်လည်း ဂျူဗီနဲ့အတူ ပထမဆုံးရရှိတဲ့ဆုဖလား ဖြစ်ခဲ့ပါတယ်။

ပွဲချိန်(၇၃)မိနစ်မှာ အေစီမီလန်ကွင်းလယ်လူ ကက်ဆီး ဂျူဗင်တပ်စ်ကစားသမား အမ်မရီချန်ကို ကြမ်းကြမ်းတမ်းတမ်းကစားလို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အခုပွဲကို ပရိသတ်(၆၁,၀၀၀)ဦး လာရောက်ကြည့်ရှုခဲ့ပြီး အမျိုးသမီးပရိသတ်(၁၅,၀၀၀)ဦးပါဝင်ခဲ့တယ်လို့ မီဒီယာများက ဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီအတွက် ဒုတိယမြောက်ရရှိတဲ့ စူပါဖလားဖြစ်ပြီး ၂၀၁၆ ပြိုင်ပွဲမှာ အေစီမီလန်နဲ့ ၂၀၁၇ ပြိုင်ပွဲတွေမှာ လာဇီယိုအသင်းတွေကို အရေးနိမ့်ခဲ့ပါတယ်။