ရပ်ရှ်ဖို့ဒ်မှာ ဟာရီကိန်းကဲ့သို့ ထိပ်တန်းတိုက်စစ်မှူးမျိုး ဖြစ်လာနိုင်သည်ဟု ဆိုးလ်ရှား ပြောကြား

ရပ်ရှ်ဖို့ဒ်မှာ ဟာရီကိန်းကဲ့သို့ ထိပ်တန်းတိုက်စစ်မှူးမျိုး ဖြစ်လာနိုင်သည်ဟု ဆိုးလ်ရှား ပြောကြား
Photos : Gettyimages
Photos : Gettyimages
Published 12 January 2019

(၂၁)နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ယခုရာသီအတွင်း (၇)ဂိုးအထိသွင်းထားပြီး လူကာကူ၊ မာစီယဲလ်၊ ပေါ့ဘာတို့နောက် စတုတ္ထမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်း၏လူငယ်ကစားသမား ရပ်ရှ်ဖို့ဒ်မှာ ဟာရီကိန်းကဲ့သို့ ထိပ်တန်းတိုက်စစ်မှူးမျိုး ဖြစ်လာနိုင်သူဟု ပြောကြားခဲ့သည်။

'' ဟာရီကိန်းနဲ့ သူ့ရဲ့အဆင့်အတန်းအကြောင်း ကျွန်တော်တို့ ပြောနိုင်ပါတယ်။ မားကပ်စ်(ရပ်ရှ်ဖို့ဒ်)ဟာလည်း ဒီလိုဖြစ်လာဖို့ အလားအလာရှိသူပါ။ သူနဲ့အတူ စိတ်လှုပ်ရှားစရာကောင်းပြီး ထိပ်တန်းတိုက်စစ်မှူး ဖြစ်လာနိုင်ပါတယ်။ သူ့မှာ အံ့အားသင့်စရာ အမြန်နှုန်းရှိတယ်။ ပြီးတော့ ပိုပြီးလည်း သန်မာလာတယ်။ ပြီးတော့ ဘောလုံးကို ကောင်းကောင်းကစားနိုင်သူပါ'' ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

(၂၁)နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ယခုရာသီအတွင်း (၇)ဂိုးအထိသွင်းထားပြီး လူကာကူ၊ မာစီယဲလ်၊ ပေါ့ဘာတို့နောက် စတုတ္ထမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။

ဆိုးလ်ရှားက သူ့အား အထောင်တိုက်စစ်မှူးအဖြစ် မကြာခဏ အသုံးပြုနေပြီး ဆိုးလ်ရှား တာဝန်ယူကိုင်တွယ်သည့် (၅)ပွဲတွင် ရပ်ရှ်ဖို့ဒ်က (၃)ဂိုးအထိ သွင်းယူထားသည်။

ရပ်ရှ်ဖို့ဒ်မှာ မော်ရင်ဟို၏လက်အောက် ယခုရာသီ အစောပိုင်း(၂၂)ပွဲတွင် (၄)ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။