ကိုပါအီတာလီယာ ရှုံးထွက်(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

ကိုပါအီတာလီယာ ရှုံးထွက်(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
Photo : wikipedia
Photo : wikipedia
Published 12 January 2019

ယနေ့တွင် ကိုပါအီတာလီယာ ပွဲစဉ်ပေါင်း(၃)ပွဲရှိပါသည်။

လာဇီယို နှင့် နိုဗာရာ (စနေည ၈း၃၀ နာရီ)

လာဇီယိုက ကိုပါအီတာလီယာပွဲတွေကို ဖိဖိစီးစီးကစားလေ့ရှိပြီး နောက်ပိုင်းနှစ်တွေမှာ အစဉ်အလာကြီးမားတဲ့အသင်းပါ။ စီးရီးစီကအသင်းကို လာဇီယို ဂိုးပြတ်အနိုင်ယူမှာပါ။

ဆမ်ဒိုးရီးယား နှင့် အေစီမီလန် (စနေည ၁၁း၃၀ နာရီ)

ဂျူဗင်တပ်စ်နဲ့အတွေ့မှာ ဆမ်ဒိုးရီးယားအသင်း နိုင်ပွဲဆက်နေမှု ရပ်တန့်သွားပေမယ့် ခြေစွမ်းက အကောင်းဆုံးပုံစံမှာ ရှိနေတာ ထည့်တွက်ရမှာပါ။ အေစီမီလန်ရဲ့လက်ရှိပုံစံမျိုးနဲ့ ဆမ်ဒိုးရီးယားကိုပဲ ရွေးချယ်သင့်တယ်။

ဘိုလော့ဂ်နာ နှင့် ဂျူဗင်တပ်စ် (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဂျူဗင်တပ်စ်အသင်းက ကိုပါအီတာလီယာသမိုင်းမှာ မရှိဖူးသေးတဲ့ (၅)နှစ်ဆက်ချန်ပီယံခရီးကို အတိမ်းအစောင်းမရှိ ဆက်သွားဦးမှာပါ။ ဘိုလော့ဂ်နာကတော့ ကိုပါအီတာလီယာထက် စီးရီးအေရှင်သန်ခွင့်အိပ်မက်က ပိုအရေးကြီးပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ် နောက်ပိုင်းပွဲတွေမှာ အနိုင်သိပ်မပြတ်သားတော့လို့ အိမ်ရှင်နဲ့ပဲ စွန့်စားချင်တယ်။