ရေပန်းစားတဲ့အသင်းတွေ နိုင်ပွဲရခဲ့တဲ့ အာရှဖလား

ရေပန်းစားတဲ့အသင်းတွေ နိုင်ပွဲရခဲ့တဲ့ အာရှဖလား
Photos: AFP
Photos: AFP
Published 10 January 2019

ယနေ့ ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ အာရှဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေမှာ အာရှထိပ်သီးဖြစ်တဲ့ ဂျပန်၊ မာကျောတဲ့အသင်းတွေလို့ဆိုရမယ့် ဥဇဘက်ကစ္စတန်နဲ့ ကာတာအသင်းတွေက နိုင်ပွဲကိုယ်စီရရှိခဲ့ကြပါတယ်။

အုပ်စု (E) မှာ မနေ့က ဆော်ဒီက မြောက်ကိုရီးယားကို ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ကာတာကလည်း လက်ဘနွန်ကို အမှားအယွင်းမရှိ အနိုင်ယူခဲ့ပြီး အုပ်စုဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

ဒီနေ့မှာ အုပ်စု (F)ရဲ့ ပွဲစဉ် (၂)ပွဲစလုံးကိုယှဉ်ပြိုင်ကစားခဲ့ရာမှာ အာရှထိပ်သီး ဂျပန်က တာ့ခ်မင်နစ္စတန်အသင်းကို ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပေမယ့် တိုက်စစ်မှူး အိုဆာကာရဲ့ သွင်းဂိုးတွေနဲ့ အတူ (၃)မှတ်ရယူနိုင်ခဲ့ပါတယ်။

အိုဆာကာကလည်း ဂိုးအများဆုံးသွင်းယူနိုင်သူစာရင်းမှာ အိန္ဒိယက ချက်ထရီ၊ အီရန်က တာရေမီတို့နဲ့အတူ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။

အုပ်စု (F)ရဲ့ တခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဥဇဘက်ကစ္စတန်နဲ့ အိုမန်တို့ရဲ့ ပွဲစဉ်ကလည်း အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ရှိုမူရိုဒေါ့ဗ်ရဲ့ နောက်ကျဂိုးကြောင့်  ဥဇဘက်ကစ္စတန်အသင်း အနိုင်ရရှိခဲ့တာပါ။

ဒါပေမဲ့ ပွဲပြီးခါနီးမှာ အဓိကနောက်ခံလူ ကရီမတ်စ်ကတော့ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပါတယ်။

အာရှဖလားအုပ်စုအဆင့် ပထမပွဲစဉ်တွေအပြီး ပြိုင်ပွဲဝင် (၂၄)သင်းမှာ သွင်းဂိုးမဲ့ခဲ့တဲ့အသင်းက (၇)သင်းရှိခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ယနေ့ပွဲရလဒ်များ

ဂျပန် ၃-၂ တာ့ခ်မင်နစ္စတန်

ဥဇဘက်ကစ္စတန် ၂-၁ အိုမန်

ကာတာ ၂-၀ လက်ဘနွန်

Most Read

Most Recent