ဘာစီလိုနာအသင်း၏ တိုက်စစ်အတွဲဖြစ်သည့် မက်ဆီနှင့် ဆွာရက်ဇ်တို့၏ ယခုရာသီ လာလီဂါပြိုင်ပွဲတွင် နှစ်ဦးပေါင်း သွင်းယူထားသည့် ဂိုးအရေအတွက်မှာ လာလီဂါအသင်း(၁၆)သင်းထက် ပိုများနေကြောင်း သိရှိရသည်။
လာလီဂါပွဲစဉ်(၁၈) အပြီးတွင် မက်ဆီက (၁၆)ဂိုး၊ ဆွာရက်ဇ်က (၁၂)ဂိုးသွင်းယူထားပြီး လာလီဂါဂိုးသွင်းဘုရင်စာရင်းကိုလည်း ဦးဆောင်လျက် ရှိသည်။
၎င်းတို့နှစ်ဦးပေါင်း (၂၈)ဂိုး သွင်းယူထားသည့်အတွက် ရီးယဲလ်အသင်းအပါအဝင် လာလီဂါအသင်း(၁၆) သင်း သွင်းယူထားသည့်ဂိုးအရေအတွက်ထက် ပိုများနေခြင်းလည်းဖြစ်သည်။
ဘာစီလိုနာမှအပ ၎င်းတို့နှစ်ဦးပေါင်းထက် ဂိုးပိုသွင်းထားနိုင်သည့်အသင်းများမှာ ဆီဗီလာ၊ လီဗန်တေးနှင့် ဆယ်လ်တာဗီဂို(၃)သင်းသာရှိပြီး ရီးယဲလ်မက်ဒရစ်အသင်းမှာ (၂၆)ဂိုးသာ သွင်းယူထားနိုင်ကြောင်း သိရှိရသည်။
မက်ဆီသည် ယခုရာသီ လာလီဂါပွဲစဉ် (၁၈)အပြီးတွင် (၁၆)ဂိုးအထိ သွင်းယူထားပြီး ဂိုးဖန်တီးမှု (၁၀) ကြိမ်အထိ ပြုလုပ်ထားရာ ၎င်း၏ဂိုးပါဝင်ပတ်သက်မှုမှာ (၂၆)ဂိုးအထိ ရှိခဲ့သည်။
ယင်းပမာဏမှာ ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ရီးယဲလ်မက်ဒရစ်တစ်သင်းလုံး၏ သွင်းဂိုးအရေအတွက်နှင့် တူညီနေရာ ထိုအချက်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ရှက်ဖွယ်ဖြစ်သည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။