လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့မှာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၀)အ ပြီးတွင် အဆင့်(၁)နှင့် (၂)နေရာများတွင် ရပ်တည်နေပြီး ၎င်းတို့နှစ်သင်းသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ (၃)ရက်တွင် အီတီဟတ်ကွင်း၌ ကစားရမည် ဖြစ်သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာနှင့် လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်တို့သည် မန်စီးတီး-လီဗာပူးလ် ပွဲစဉ်မတိုင်မီ တစ်သင်းကိုတစ်သင်း ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့မှာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၀)အ ပြီးတွင် အဆင့်(၁)နှင့် (၂)နေရာများတွင် ရပ်တည်နေပြီး ၎င်းတို့နှစ်သင်းသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ (၃)ရက်တွင် အီတီဟတ်ကွင်း၌ ကစားရမည် ဖြစ်သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ''ကျွန်တော်တို့အသင်း မကောင်းဘူးလားဆိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာက အခြားအသင်းက ပိုကောင်းနေတာပါ။ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းက အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထား ပြီး သူတို့က ဥရောပအကောင်းဆုံးအသင်း (သို့မဟုတ်) ကမ္ဘာအကောင်းဆုံးအသင်းလို့တောင် ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာ ရှိတာကို အကောင်းဆုံးလုပ်ဆောင် သွားမှာပါ''ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်နည်းပြ ကလော့ပ်ကလည်း လက်ရှိတွင် (၇)မှတ်ပြတ် နေသော်လည်း မန်စီးတီးအသင်းနှင့် ပွဲအပြီးတွင် အမှတ်ကွာဟမှုလျော့ကျ သွားနိုင်ကြောင်း ပြောဆိုခဲ့သည်။
''အခုအချိန်မှာ ကျွန်တော်တို့က အ မှတ်ပေးဇယားကို (၇)မှတ်အသာနဲ့ ဦးဆောင်နေပေမယ့် မန်စီးတီးနဲ့ ပွဲအပြီးမှာ အမှတ်ကွာဟမှုက (၄)မှတ်ဖြစ် သွားနိုင်တယ်။ လီဗာပူးလ်ပရိသတ်တွေကို ဖလားဆိုတာထက် အခုအချိန်မှာ အသင်းနဲ့အတူ စီးမျောခံစားစေချင်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။