လက်စတာအား ရှုံးနိမ့်သည့်ပွဲကို သင်ခန်းစာယူကြရန် ကစားသမားများကို ဆာရီ တိုက်တွန်း

လက်စတာအား ရှုံးနိမ့်သည့်ပွဲကို သင်ခန်းစာယူကြရန် ကစားသမားများကို ဆာရီ တိုက်တွန်း
Photo: Reuters
Photo: Reuters
Published 26 December 2018

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက လက်စတာနှင့်ပွဲမှ ရှုံးနိမ့်မှုကို သင်ခန်းစာယူကာ ဝက်ဖို့ဒ်အသင်းနှင့်ကစားမည့်ပွဲစဉ်တွင် ကြိုးစားကြရန် အသင်းသားများကို တိုက်တွန်းပြောကြားခဲ့သည်။

ဒီဇင်ဘာ (၂၃) ရက်က ကစားခဲ့သောပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း၌ လက်စတာအသင်းကို ဗာဒီ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်မှ ကစားသမားများ၏ စွမ်းဆောင်ရည်ကို ဆာရီက သဘောမကျဖြစ်နေပြီး ဝက်ဖို့ဒ်နှင့်ကစားမည့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် ကြိုးစားကြရန် အသင်းသားများကို တိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။

ဆာရီက အခုအချိန်မှာ ကျွန်တော်တို့ စဉ်းစားရမှာက တခြားအသင်းတွေအကြောင်းမဟုတ်ပါဘူး။ ကိုယ့်အကြောင်းကို စဉ်းစားရမှာပါ။ ပွဲစဉ်တွေက ခက်ခဲလွန်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်တွေ အကြောင်းကို လေ့လာရမှာပါ။ ဒါပေမဲ့ အခုပိုအရေးကြီးနေတာက လက်စတာနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကို ပြန်လည်တုံ့ပြန်နိုင်ဖို့ပါ။ လက်စတာနဲ့ပွဲမှာတုန်းက ကျွန်တော်တို့ အကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး။ ဒီတော့ ဝက်ဖို့်ဒ်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ကိုယ့်အသင်းက ဘယ်လိုတုံ့ပြန်နိုင်မလဲဆိုတာကို စဉ်းစားပြင်ဆင်ရမှာဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။

ထို့ပြင် ဆာရီက လက်စတာအသင်းကို (၀-၁) ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ကစားသမားတစ်ဦးချင်းစီအမှားများခဲ့ကြောင်းနှင့် အနာဂတ်တွင် ယင်းကဲ့သို့အမှားများကို ထပ်မံကျူးလွန်နေဦးမည်ဆိုပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent