New Balance နှင့် တစ်နှစ်ပေါင်(၇၅)သန်း တန်ကြေးရှိသည့် ဝတ်စုံစပွန်ဆာ စာချုပ်သစ်ချုပ်ဆိုရန် လီဗာပူးလ်အသင်း  စီစဉ်နေ

New Balance နှင့် တစ်နှစ်ပေါင်(၇၅)သန်း တန်ကြေးရှိသည့် ဝတ်စုံစပွန်ဆာ စာချုပ်သစ်ချုပ်ဆိုရန် လီဗာပူးလ်အသင်း  စီစဉ်နေ
Photo : New Balance
Photo : New Balance
Published 25 December 2018

လီဗာပူးလ်အသင်းနှင့် New Balance တို့၏ လက် ရှိစာချုပ်မှာလည်း ၂၀၂၀ ခုနှစ်တွင် ကုန်ဆုံး မည်ဖြစ်ကြောင်း သိရှိရသည်။ 

လီဗာပူးလ်အသင်းသည် New Balance ကုမ္ပဏီနှင့် တစ်နှစ်လျှင် ပေါင်(၇၅)သန်း တန်ကြေးရှိသည့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် ၂၀၁၅-၁၆ ရာသီတွင် New Balance ကုမ္ပဏီနှင့် စတင် လက်တွဲခဲ့ပြီး လက်ရှိစာချုပ်တန်ဖိုးမှာ တစ် နှစ်လျှင် ပေါင်(၄၅)သန်းဖြစ်သည်။ 

ယင်းတန်ဖိုးမှာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အ သင်းများထဲ၌ တတိယအများဆုံးအဖြစ် ရပ် တည်နေသော်လည်း လီဗာပူးလ်အသင်းတာ ဝန်ရှိသူများက အသင်း၏ပုံရိပ်မြင့်တက်လာ ချိန်တွင် တန်ဖိုးတိုးမြှင့်ပြီး သက်တမ်းတိုးရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ 

လီဗာပူးလ်အသင်းနှင့် New Balance တို့၏ လက် ရှိစာချုပ်မှာလည်း ၂၀၂၀ ခုနှစ်တွင် ကုန်ဆုံး မည်ဖြစ်ကြောင်း သိရှိရသည်။ 

အမေရိကန်အ ခြေစိုက်ကုမ္ပဏီဖြစ်သည့် New Balance ကလည်း လီဗာပူးလ်အသင်းနှင့် သက်တမ်း တိုးသွားရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် ယခုစီစဉ် ထားသည့်အတိုင်း သက်တမ်းတိုးစာချုပ် ချုပ် ဆိုနိုင်ခဲ့ပါက မန်ယူအသင်းနှင့် Adidas တို့၏ စာချုပ်တန်ဖိုးကို လိုက်မီသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

ယခုရာသီတွင် ချုပ်ဆိုထားသော စာချုပ်များအရ ပရီးမီးယားလိဂ်တွင် မန်ယူအသင်းက ဝတ်စုံစပွန်ဆာစာချုပ် တန်ဖိုးအမြင့်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး Nike နှင့် တစ်နှစ်ပေါင်သန်း(၆၀)တန် စာချုပ်ချုပ်ဆိုထားသော ချယ်လ်ဆီး

အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။ 

သို့သော် မန်စီးတီး နှင့် အာဆင်နယ်အသင်းတို့မှာလည်း ယခုထက်တန်ဖိုးမြင့်သည့် ဝတ်စုံစပွန်ဆာစာချုပ်များ ချုပ်ဆိုတော့မည်ဟု သိရှိရသည်။

Most Read

Most Recent